နာဂစ်မှတ်တမ်း။ မေလ၊ ၂၀၀၈။
၂၀၀၈၊ မေ ၂။
နာဂစ်မုန်တိုင်းကြောင့် နေ့ လည် ၂ နာရီတွင် လေတိုက်နှုန်းမှာ ၁နာရီ မိုင် ၁၂၀ နှုန်းရှိသည်။ (The Voice Weekly, Vol.4, No. 29)
၂၀၀၈၊ မေ ၃။
- ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ကို တနာရီ မိုင်ပေါင်း ၁၂၀ ကျော်ဖြင့် မေ ၃ ရက်နံနက်ပိုင်းတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူအ သေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ (7 Day News, Vol. 7, No. 7)
- နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့ တော်တ၀န်းရှိ အပင်ကြီးအားလုံးနီးပါလဲပြိုပြီး၊ လျှပ်စစ်ဓာတ်အား နှင့် လမ်းပန်းဆက်သွယ်ရေး ၁၀၀ ရာခိုင်နှုန်းပြတ်တောက်ကာ သတင်းအချက်အလက်များ ပြတ် တောက်ပြီး GSM ဖုန်းများပါ သုံးမရဟု သိရသည်။ (The Voice Weekly, Vol.4, No. 29)
- နအဖ က ကြေညာချက် အမှတ် ၄/၂၀၀၈ ဖြင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည် နယ်တို့ ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ထုတ်ပြန်ကြေညာသည်။ (The Voice Weekly, Vol.4, No. 29)
၂၀၀၈၊ မေ ၄။
- နိုင်ငံတကာ တယ်လီဖုန်းဆက်သွယ်ခေါ်ယူမှု (IDD Call) များပြန်ပွင့်၍ iPSTAR ဂြိုလ်တုဆက် သွယ်ရေးဖုန်းလိုင်းများ မွန်းလွဲပိုင်းတွင် ပြန်လည်အသုံးပြုနိုင်ပြီး ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည် တော်၊ ရန်ကုန်-မော်လမြိုင်-ထားဝယ် ရထားခရီးစဉ်များ ပြန်လည်စတင်ပြေးဆွဲသည်။ (The Voice Weekly, Vol.4, No. 29)
- မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့တွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်အစိုးရက ပြည်နယ်နှင့်တိုင်း ၅ ခုကို မုန်တိုင်း ဒဏ်အခံရဆုံး ဒေသများအဖြစ် ကြေညာခဲ့ရပြီး၊ ယင်းမုန်တိုင်းကြောင့် လူ ၂၄၀ ကျော် သေဆုံး သည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၄)
- နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်တွင် လူ ၁၉ ယောက် သေဆုံးပြီး၊ ဧရာဝတီတိုင်းတွင် လူ ၂၂၂ ယောက်သေဆုံးကြောင်း အမည် မဖော်လိုသူ ပြန်ကြားရေးဝန်ကြီးဌာန အရာရှိ တဦးက ပြောကြားသည်ကို အေအက်ဖ်ပီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။(ဧရာဝတီ၊ ၂၀၀၈၊ မေ ၄)
၂၀၀၈၊ မေ ၅။
- ဆိုင်ကလုန်း နာဂစ်တိုက်ခတ်မှုအပြီး မေလ ၃ ရက်နေ့  ၁၂ နာရီမှ ၄၈ နာရီအကြာ မေလ ၅ ရက် နေ့ တွင် ရန်ကုန်မြို့ တော်တ၀န်းတွင် သောက်သုံးရေပြတ်လတ်မှုများ စတင်ကြုံတွေ့ နေရသည်။ (The Voice Weekly, Vol.4, No. 29)
- ထိုင်းလေကြောင်းခရီးစဉ်အမှတ် TG-3069 ဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိ လေဆိပ်မှ ရန်ကုန်လေ ဆိပ်သို့ ကမ္ဘာလှည့်ခရီးသည် ဗီဇာဖြင့် ရောက်ရှိလာသော ဘီဘီစီ သတင်းထောက် ဗြိတိန်နိုင်ငံသား Mr. Andrew William Harding ကို ထိုင်းနိုင်ငံသို့  ပြန်လွှတ်လိုက်သည်။ (The Voice Weekly, Vol.4, No. 29)
၂၀၀၈၊ မေ ၆။
- နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၂၀ ခန့်  မုန်တိုင်းဒဏ်ကို ကြုံတွေ့ ခံစားခဲ့ကြ ရပြီး၊ ယခုလ ၅ ရက်နေ့ ရရှိသည့် စာရင်းများအရ သေဆုံးသူ ၁၅၀၀၀ ခန့် ရှိနေကာ ပျောက်ဆုံး သူဦးရေ ၂၀၀၀ ကျော်ခန့် ရှိနေသည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး ဗိုလ်မှူးချုပ်မောင်မောင်ဆွေက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ (7 Day News, Vol. 7, No. 7)
- ဘိုကလေးနှင့် မော်လမြိုင်ကျွန်းတို့ တွင် မုန်တိုင်း၏ ဗဟိုချက်ဖြတ်သန်းခဲ့သည့်အတွက် ယင်းဒေသ များတွင် သေဆုံးသူအများဆုံးဖြစ်ပြီး၊ မေလ ၅ ရက်နေ့ အထိ ဘိုကလေးမြို့ နယ် တနေရာတည်း တွင်ပင် လူ ၁၀၀၀၀ ၊ မော် လမြိုင်ကျွန်းမြို့ နယ်တွင် ၁၆၃၅ ဦး၊ ဟိုင်းကြီးကျွန်းတွင် ၉၇၅ဦး နှင့် လပွတ္တာတွင် ၁၀၀၀ ခန့် သေ ဆုံးသည်ဟု နအဖ ကထုတ်ပြန်သည်။ (7 Day News, Vol. 7, No. 7)
- နာဂစ်မုန်တိုင်းဒဏ်ကြောင့် မေလ ၅ ရက်နေ့ အထိ ငပုတောမြို့ နယ်တွင် ၉၀၀၀၀ ဦး၊ ဟိုင်းကြီး ကျွန်းတွင်၇၀၀၀၀ ဦး၊ မော်လမြိုင်ကျွန်းတွင် ၁၆၀၀၀၀ ဦး၊ လပွတ္တာတွင် ၉၀၀၀၀ ဦး၊ ပြင်စလူတွင် ၅၀၀၀၀ ဦး၊ ဖျာပုံတွင် ၉၇၀၀၀ ဦး၊ ဘိုကလေးတွင် ၁၉၀၀၀၀ ဦး၊ အမာမြို့ တွင် ၄၈၀၀၀၀ ဦးခန့်  ဒဏ်ရာရရှိသည်ဟု နအဖ က ကြေညာသည်။ (7 Day News, Vol. 7, No. 7)
- နအဖ က ကြေညာချက်အမှတ် ၅/၂၀၀၈ ဖြင့် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း အတွင်းရှိ ငါးမြို့ နယ်၊ ဧရာဝတီတိုင်းအတွင်းရှိ ၁၉ မြို့ နယ်တို့ ကို သဘာဝဘေးအန္တရာယ်ကျရောက် သော ဒေသများအဖြစ် ကြေညာထားခြင်းမှ ရုပ်သိမ်းလိုက်သည်။ (The Voice Weekly, Vol.4, No. 29)
- ဆိုင်ကလုန်းမုန်တိုင်းနာဂစ်ကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ဆက် လက်သတ်မှတ်ထားခြင်းခံရသည့် ရန်ကုန်တိုင်း အတွင်းရှိ မြို့ နယ် ၄၀ နှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့ နယ် ၇ ခုတို့ တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်း ပမည့်ရက်ကို မေလ ၂၄ ရက်သို့ ပြောင်းရွှေ့ လိုက်ကြောင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်က ကြေညာချက် အမှတ် ၈/၂၀၀၈ ဖြင့် မေလ ၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။ (The Voice Weekly, Vol.4, No. 29)
- မွန်းတည့် ၁၂ နာရီအထိ ဧရာဝတီတိုင်းတွင် သေဆုံးသူ ၂၁၇၉၃ ဦး၊ ပျောက်ဆုံးသူ ၄၀၆၉၅ ဦး၊ ရန် ကုန်တိုင်းတွင် သေဆုံးသူ ၆၇၁ ဦး၊ ဒဏ်ရာရ သူ ၆၇၀ ဦး၊ ပျောက်ဆုံးသူ ၃၅၉ ဦး၊ ဒေသအားလုံး တွင် စုစုပေါင်း သေဆုံးသူ ၂၂၄၆၄ ဦး၊ ဒဏ်ရာရသူ ၆၇၀ ဦး၊ ပျောက်ဆုံးသူ စုစုပေါင်း ၄၁၀၅၄ ဦးရှိ သည်။ (The Voice Weekly, Vol.4, No. 29)
- မြန်မာနိုင်ငံသို့  နာဂစ်ဆိုင်ကလုန်းဝင်ရောက်မည့်အကြောင်းနှင့် ပြင်းအားမည်မျှရှိမည်ဖြစ်ကြောင်း ကို မြန်မာသို့  ၄၈ နာရီ ကြိုတင် အကြောင်း ကြားခဲ့ကြောင်း အိန္ဒိယမိုးလေ၀သဌာနချုပ် (IMD) က ကြောညာသည်။ (The Voice Weekly, Vol.4, No. 29)
- နာဂစ်မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို အမျိုးသားအဆင့် သတ်မှတ် ဆောက်ရွက်လျှက်ရှိရာ အမျိုးသား သဘာဝဘေးကာကွယ် စောင့်ရှောက်ရေးကော်မတီက ဆပ်ကော်မတီဆယ်ခုဖြင့် ဆောင်ရွက်လျှက်ရှိသည်ဟု ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း က ပြောသည်။ (The Voice Weekly, Vol.4, No. 29)
- ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျပ်ငွေ ၅ ဘီလီယံ (သန်း ၅၀၀၀)ခန့်  ကျခံသုံးစွဲမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း က ပြောကြားသည်။ (The Voice Weekly, Vol.4, No. 29)
- နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ဗြိတိသျှအစိုးရက ပေါင်စတာလင် ၅.၅သန်း (အမေရိကန်ဒေါ် လာ ၁၁ သန်း) ကူညီသည်။ (The Voice Weekly, Vol.4, No. 29)
၂၀၀၈၊ မေ၇။
- နအဖ က နိုင်ငံတကာမှ အကူအညီသာလာနိုင်ပြီး လူအင်အားခွင့်မပြုကြောင်း ပြောသည်။ (The Voice Weekly, Vol.4, No. 29)
၂၀၀၈၊ မေ ၈။
- သီတဂူဆရာတော် ဒေါက်တာအရှင်ညာဏိဿရ အမှူးပြု၍ အာရှတော်ဝင်အထူးကုဆေးခန်း (Sitagu Asia Royal Emergency Clinic for Cyclone Victims) မှ ဘိုကလေးမြို့ နယ်၊ ကဒုံကနိ ကျေးရွာရှိ လေဘေးသင့်ဒုက္ခသည်များအား မေလ ၈ ရက်နေ့ က ဆေးဝါးများ အခမဲ့ ကုသလှူဒါန်း ပေးခဲ့သည်။ (Weekly Eleven, No. 31, Vol, 3)
- မေလ ၈ ရက်နေ့ အထိမုန်တိုင်းဒဏ် ပြင်းထန်စွာခံခဲ့ရသည့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့ တွင် သေဆုံးသူ ၂၂၉၉၇ ဦး၊ ပျောက်ဆုံးနေသူ ၄၁၁၁၉ဦး နှင့် ဒဏ်ရာရရှိသူ ၁၀၉၃ ဦးထိရှိကြောင်း နအဖ မီဒီယာများတွင် ဖော်ပြထားသည်။ (The Voice Weekly, Vol.4, No. 29)
- မုန်တိုင်းဒဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီရန် ပထမဆုံး အထောက်အပံ့ကို ကမ်း လှမ်းခဲ့သည့် ထိုင်းနိုင်ငံက စားနပ်ရိက္ခာ အစရှိသည့် အရေးပေါ်အကူအညီပစ္စည်းများအပြင် ငွေသား အနေဖြင့် ထိုင်းဘတ်ငွေ သုံးသန်းခန့်  (အမေရိကန်ဒေါ်လာ ၁၀၀၀၀၀)ခန့် ကို ပေးအပ်လှူဒါန်းမည် ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး နော့ပဒွန်ပတ်တမာက ကြေညာသည်။ (The Voice Weekly, Vol.4, No. 29)
၂၀၀၈၊ မေ ၉။
- နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်း ရေယာဉ်စုစုပေါင်း ၆၇ စင်းခန့် နစ်မြုပ်ပျက်စီးခဲ့ရသည်။ (7 Day News, Vol. 7, No. 7)
၂၀၀၈၊ မေ ၁၀။
- နာဂစ်မုန်တိုင်းကြောင့် မေ ၉ ရက်၊ ညနေ ၆ နာရီအထိ ရရှိသောစာရင်းများအရ သေဆုံးသူ ၂၃၃၃၅ ဦး၊ ဒဏ်ရာရသူ ၁၄၀၃ ဦး နှင့် ပျောက်ဆုံးသူ ၃၇၀၁၉ ဦး ရှိသည်ဟု နအဖ မီဒီယာများမှ ဖော်ပြ သည်။ (7 Day News, Vol 7, No. 8)
၂၀၀၈၊ မေ ၁၁။
- မေလ (၁၁) ရက်ထိ မြန်မာနိုင်ငံသို့ လေကြောင်းမှ ကယ်ဆယ်ရေးအကူအညီပေးသည့် အကြိမ် (၃၇) ကြိမ်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ် (၂ ကြိမ်)၊ လာအို (၄ ကြိမ်)၊ တရုတ် (၃ ကြိမ်)၊ ထိုင်း (၇ ကြိမ်)၊ အိန္ဒိယ (၂ ကြိမ်)၊ စင်ကာပူ (၁ ကြိမ်)၊ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (၆ ကြိမ်)၊ အီတလီ နိုင်ငံ ခြားရေးဝန်ကြီးဌာန (၁ ကြိမ်) နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာန (၁၁ ကြိမ်) တို့ဖြစ်သည်။ (UNJLC, ၂၀၀၈၊ မေ ၁၁)
၂၀၀၈၊ မေ ၁၂။
- ကွန်းခြံကုန်းမြို့နယ်အတွင်းရှိ ကွန်းခြံကုန်းမြို့နှင့်(၃)မိုင်ဝေးသည့် ကျွန်းချောင်း၊ ခရမ်း၊ တောကြီး၊ တော်ခရမ်း(အရှေ့၊အနောက်) သုံးခွ စသည့် တိုးမြစ်နဘေးရှိရွာများမှ လေမုန်တိုင်းသင့်သူများသည် အပျက်အစီး အစားအသောက် မည်သည့်အကူအညီအထောက်အပံ့မျှမရသေးကြောင်း ယမန်နေ့ ကသွားရောက် အကူအညီပေးသည့် ပုဂ္ဂလိကစုပေါင်း စေတနာရှင်အဖွဲ့မှ မျက်မြင်တစ်ဦးက ပြော သည်။ (ခေတ်ပြိုင် သတင်း၊ ၂၀၀၈၊ မေ ၁၂)
- မေလ(၂)ရက်နေ့ကတိုက်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း(၂၈၄၅၈) သေဆုံးပြီး (၃၃၄၁၆) ပျောက်ဆုံးနေကြောင်းနှင့် (၁၄၀၃) ထိခိုက်ဒဏ်ရာရကြောင်း စစ်အစိုးရက သတင်းထုတ် ပြန်ထားသည်။ ကုလသမဂ္ဂက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း (၁)သိန်း(၂) ထောင်နှင့် အိုးမဲ့အိမ်မဲ့ဒုက္ခသည်ပေါင်း (၂)သန်းခန့်ရှိသည်ဟု ပြောဆိုသည်။ (ဧရာဝတီသတင်း၊ ၂၀၀၈၊ မေ ၁၂)
- နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင်း လူ (၁) သန်းခွဲကျော် ဒုက္ခရောက်နေကြောင်း ကုလ သမဂ္ဂ လူမှုရေးရာညှိနှိုင်းရေးအဖွဲ့ (UNOCHA) ၏ မေလ (၁၂) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အစီ ရင်ခံစာတွင် ဖော်ပြသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ မေ ၁၂)
- ရန်ကုန်တိုင်း မြို့နယ် (၄၀) နှင့် ဧရာဝတီတိုင်း (၇) မြို့နယ်တို့ကို ယခုထိ မုန်တိုင်းဒဏ်သင့် နယ်မြေ များအဖြစ် စစ်အစိုးရကိုယ်တိုင် သတ်မှတ်ထားဆဲ ဖြစ်သည်။ အထူးသဖြင့် လပွတ္တာ၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်း ဒေသတို့သည် နာဂစ်မုန်တိုင်းအပြင် မုန်တိုင်းကြောင့်ဖြစ်သည့် ပင်လယ်လှိုင်းများ ရိုက်ခတ်မှုဒဏ် အများဆုံးခံရသည့် မြို့နယ်များဖြစ်သည်။ (UNOCHA, ၂၀၀၈၊ မေ ၁၂)
- နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ဧရာဝတီတိုင်း သွားလာခွင့်ကို စစ်အစိုးရက ငြင်းဆန်နေဆဲ ဖြစ်ပြီး၊ မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်သွယ်ရန် လွယ်ကူသည့် ပုသိမ်လေ ဆိပ်ကို နိုင်ငံတကာ ကူညီမည့် လေယာဉ်များ ဆင်းခွင့် ပိတ်ထားသည်။ (UNJLC, ၂၀၀၈၊ မေ ၁၂)
- နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို သြစတြေးလျနိုင်ငံက နောက်ထပ်ဒေါ်လာ (၂၂)သန်း ထည့်ဝင် မည်ဟု မေလ (၁၁)ရက် က ကတိပေးလိုက်သည့် အတွက် စုစုပေါင်းဒေါ်လာ (၂၃) သန်းကျော်နှင့် သြစတြေးလျ ဒေါ်လာ (၂၅)သန်း ကူညီထောက်ပံ့မည် ဖြစ်သည်။ (RFA, ၂၀၀၈၊ မေ ၁၂)
၂၀၀၈၊ မေ ၁၃။
- နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူနှုန်းသည် ယခင်က ခန့်မှန်းထားသည်ထက် တစ်ဆ ကျော် များကြောင်း ကုလသမဂ္ဂကပြောသည်။ သေဆုံးသူဦးရေ (၂၁၆၀၀၀) ကျော်သွားပြီဟု ကုလ သမဂ္ဂက ခန့်မှန်းပြီး၊ အဆိုပါသေနှုန်းသည် (၂၀၀၄) ဆူနာမီငလျင်ရေလှိုင်းဒဏ်ထက် ပိုများသည်ဟု ကုလသမဂ္ဂအရာရှိများက ပြောသည်။ (DVB ၂၀၀၈၊ မေ ၁၃)
- မြန်မာအစိုးရရ၏ တရားဝင်ထုတ်ပြန်ချက်အရ နာဂစ်မုန်တိုင်းကြောင့် သေဆုံးနှင့် ပျောက်ဆုံးသူ စုစု ပေါင်း (၆၂၀၀၀) ကျော် ဖြစ်သည်။ နယ်မြေခံကယ်ဆယ်ရေးသမားများ၏ အပြောအရ ဧရာဝတီ တိုင်း ဘိုကလေးမြို့ တွင်ကျေးရွာ(၁၂၀)ရွာအနက် (၉၂) ရွာ လုံးဝပျောက်သွားပြီး၊ သေဆုံးသူပေါင်း (၁၈၀၀၀၀) ကျော်သည်ဟုဆိုသည်။ လပွတ္တာမြို့နယ်တွင် သေဆုံးသူ အနည်းဆုံး (၁၂၀၀၀၀)ခန့် ရှိ မည်ဟု ဒေသခံတစ်ဦးက ပြောသည်။ (DVB ၂၀၀၈၊ မေ ၁၃)
- နာဂစ်တိုက်ခတ်ပြီး တပတ်ခန့်အကြာ ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိရန်အ တွက် လျှပ်စစ်ရုံးဝန်ထမ်းများကို ကျပ်ငွေ၅သိန်းနှင့် အထက်ပေးရကြောင်း ရန်ကုန်မြို့ ခံများက ပြောကြသည်။ သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်ခြေ ၈၀ ရှိသည့် လုံးချင်းအိမ်ရာတစ်ခုကို လျှပ်စစ်ရုံးမှ ၃၂ သိန်းတောင်းသည်။ (မဇ္ဈိမသတင်းဌာန၊ ၂၀၀၈၊ မေ ၁၃)
- နာဂစ်မုန်တိုင်းဒဏ်ခံရသော ပြည်သူများအား ကူညီထောက်ပံ့နေသော နိုင်ငံတကာ အကူအညီပေး ရေးအဖွဲ့များသာမက ပြည်တွင်းပုဂ္ဂလိက အလှူရှင်များကို နေပြည်တော်၏ ခွင့်ပြုချက်ရယူပြီးမှ လှူ ဒါန်းရန်နှင့် ထောက်ပံ့ရေးပစ္စည်းများကို ကြံ့ဖွံ့အဖွဲ့များသို့ အပ်နှံရန် အတင်းဖိအားပေးမှုများ ပြုလုပ် နေသည်။ (ဧရာဝတီသတင်းဌာန၊ ၂၀၀၈၊ မေ ၁၃)
၂၀၀၈၊ မေ ၁၄။
- မြန်မာမုန်တိုင်းဒုက္ခသည်များကို ကူညီလိုသူ အမေရိကန်နိုင်ငံသား၊ ဗြိတိန်နိုင်ငံသား၊ ဂျပန်နိုင်ငံ သား စသည်တို့ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးရန် သက်ဆိုင်ရာ နိုင်ငံခြား မြန်မာသံရုံးများကို နေ ပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့သည့် သီတင်းပတ်ကစပြီး နှုတ်မိန့်ဖြင့် ညွှန်ကြားထား သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။ (ခေတ်ပြိုင် ၊ ၂၀၀၈ မေ ၁၄)
၂၀၀၈၊ မေ ၁၅။
- ဧရာဝတီတိုင်း လပွတ္တာတွင် ကယ်ဆယ်ရေးစခန်းပေါင်း ၃၀ ခုရှိပြီး၊ မေ ၁၂ ရက်တွင် လေဘေးသင့် ဒုက္ခသည်ပေါင်း ၃၀၀၀၀ ကျော်ရှိသည်။ (7 Day News, Vol:7, No:9)
- ပုသိမ်မြို့ တွင် ကယ်ဆယ်ရေးစခန်း ၅ ခုရှိပြီး မုန်တိုင်းသင့် ဒုက္ခသည် ၄၆၀၀ ၀န်းကျင်ရှိသည်။ ငပု တော၊ လပွတ္တာစသည့် မြို့ နယ်များမှ ဒေသခံများ အများဆုံးနေထိုင်သည်။ (7 Day News, Vol:7, No:9)
- မအူပင်မြို့ တွင် ကယ်ဆယ်ရေးစခန်း ၈ ခုဖွင့်လှစ်ထားပြီး ဒုက္ခသည် ၃၈၀၀၀ ကျော်ရှိသည်။ အဆိုပါ ဒုက္ခသည်များမှာ မအူပင်မှ နည်းပြီး ဘိုကလေး၊ ဖျာပုံစသည့် မြို့ နယ်များမှ ပြည်သူများကို ခေါ်ယူ စောင့်ရှောက်ထားခြင်းဖြစ်သည်။ (7 Day News, Vol:7, No:9)
- လေဘေးသင့် ပြည်သူများအတွက် ပြည်တွင်းပြည်ပမှ လှူဒါန်းသည့် ငွေ၊ ပစ္စည်းများအား အလွဲသုံး စားပြုလုပ်ပါက ဥပဒေအရေ အရေးယူသွားမည်ဟု အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက် ရေးဗဟို က သတင်းထုတ်ပြန်သည်။ (Weekly Eleven, No. 31, Vol, 3)
- နာဂစ်မုန်တိုင်းဒဏ် အဓိကခံစားခဲ့ရသည့် ဧရာဝတီတိုင်း ၇ မြို့ နယ်အတွင်းရှိ ဆန်စက်အလုံးပေါင်း ၁၇၀ ပျက်စီးထိခိုက်ခဲ့ရသည်။ (Weekly Eleven, No. 31, Vol, 3)
- မြန်မာလေဘေး ဒုက္ခသည်များအတွက် ပေးပို့ထားသည့် နိုင်ငံခြားအကူအညီများဟု ယူဆရသည့် နိုင်ငံခြားထုတ် ဘီစကွတ်မုန့်များ၊ အသားခြောက်၊ ခေါက်ဆွဲခြောက် ထုပ်များနှင့် မိုးကာ၊ တာလပတ် များကို ရန်ကုန်မြို့ရှိ ညောင်ပင်လေးဈေး၊ မင်္ဂလာဈေး၊ ဘိုကလေးဈေး၊ သိမ်ကြီးဈေးနှင့် အခြားဈေး အချို့တွင် ရောင်းချနေသည်ကို မြို့ခံများ က တွေ့မြင်နေရသည်ဟု ဆိုသည်။ (မဇ္ဈိမသတင်းဌာန ၂၀၀၈၊ မေ ၁၅)
- ၂၀၀၈၊ မေ ၁၆။
- ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ အများစု၏ (၉၀) ရာနှုန်း ကျော်သည် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်သည်ဟု CARE ကယ်ဆယ်ရေးအဖွဲ့က ယနေ့ထုတ်ဖော်ပြောသည်။ (ခေတ်ပြိုင်၊ ၂၀၀၈ မေ ၁၆ ရက်)
- မြန်မာကမ်းခြေနှင့် မိုင် (၆၀) ကျော် ကပ္ပလီပင်လယ်ပြင်တွင် USS Essex, USS Juneau နှင့် USS Harpers အမေရိကန် ရေတပ်သင်္ဘော (၃) စီးရောက်နေပြီး ဧရာဝတီတိုင်း ဒုက္ခသည်များ အား ကူညီရန်အသင့် ရှိနေသည်။ မြန်မာစစ်အစိုးရဘက်မှ မီးစိမ်းပြသည်နှင့် ဧရာဝတီတိုင်းသို့ တိုက်ရိုက် မောင်းတက်နိုင်မည့် ကမ်းတက်ရေယာဉ်များ၊ ခေတ်မီခွဲစိတ်ခန်းများကို နာရီပိုင်းအတွင်း မြန်မာကမ်းခြေရောက်အောင် လုပ်နိုင်သည်ဟု အမေရိကန်စစ်ဖက်အရာရှိများက ပြောသည်။ (ခေတ်ပြိုင်၊၂၀၀၈၊ မေ ၁၆)
- စစ်အစိုးရ၏ မြို့ရွာ ပြန်လည်ထူထောင်ရေးအဖွဲ့က ပုဂ္ဂလိက ကုမ္ပဏီ ၄၃ ခု ကို လုပ်ငန်းများ ခွဲဝေချ ထားပေးရန် လျာထားကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်းမှ ဆိုသည်။ အဆိုပါစီမံကိန်း အတွက် မြို့နယ်အလိုက် လုပ်ငန်းများခွဲဝေရရှိမည့် ကုမ္ပဏီများတွင် စစ်အစိုးရနှင့် နီးစပ်ပြီး အကျိုး စီးပွားများစွာ ဖြစ်ထွန်းနေသော နာမည်ကြီး ဧရာရွှေဝါ၊ ဇေကမ္ဘာ၊ ယုဇန၊ အေးရှားဝေါလ်၊ ထူး၊ ဧဒင်၊ ရွှေသံလွင်၊ မက်စ် မြန်မာနှင့် အက်ဖ်အမ်အိုင် စသည့် ကုမ္ပဏီများ ထိပ်ဆုံးမှ ပါဝင်ကြောင်း နီးစပ်သူ များကပြောဆိုသည်။ (ဧရာဝတီ ၂၀၀၈၊ မေ ၁၆)
၂၀၀၈၊ မေ ၁၇။
- နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာ ၇၇၇၃၈ ဦးရှိသွားပြီဖြစ်ပြီး၊ အဆိုပါ သေဆုံးသူဦးရေတွင် ၀န်ထမ်း ၁၅၉ ဦးပါဝင်ကာ ပျောက်ဆုံးသူစုစုပေါင်းမှာ ၅၅၉၁၇ ဦးရှိကြောင်း၊ ဒဏ်ရာရသူဦးရေမှာ ၁၉၃၅၉ ဦးရှိကြောင်း နအဖ သတင်းစာများတွင် ဖော်ပြထားသည်။ (NLM ၂၀၀၈၊ မေ ၁၇)
- ဗြိတိန်ဝန်ကြီးချုပ် Gordon Brown က ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်နှင့် တွေ့ ဆုံခန်းတွင် မုန် တိုင်းဒုက္ခသည်တွေနဲ့  ပတ်သက်ပြီး နိုင်ငံတကာအကူအညီတွေကို ဆက်လက် ပိတ်ပင်နေသည့် မြန်မာစစ်အစိုးရ၏ လုပ်ရပ်သည် လူမဆန်သည့် လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ပြောဆိုသည်။ (RFA ၂၀၀၈၊ မေ ၁၇)
- နိုင်ငံတကာကပေးသည့် အကူအညီများကို စစ်အစိုးရက ဟန်ႛတားနေသမျှ ကာလပတ်လုံး သေဆုံး သူဦးရေပိုမဵားလာမည်ဖြစ်သည်။ အကူအညီပေးခြင်းသည် နိုင်ငံရေးနှင့် မပတ်သက်ကြောင်း ကုလ သမဂ္ဂ အတွင်းရေးမှူး ခဵုပ် Mr Ban Ki-moon က မေလ၁၆ရက် နေႛက သတိပေးလိုက်သည်။ (RFA ၂၀၀၈၊ မေ ၁၇)။
- နာဂစ် လေဘေးဒုက္ခသည်များအတွက် အမေရိကန်ကပေးသည့် ကယ်ဆယ်ရေး ပစ္စည်းများကို နိုင် ငံတကာ အစိုးရမဟုတ်သည့် ပရဟိတ အဖွဲ့ အစည်းများကို တိုက်ရိုက် ပေးအပ်လိုက်သည်ဟု အ မေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Sean McCormack က မေလ ၁၆ရက် က ပြော ကြား လိုက်သည်။ (RFA ၂၀၀၈၊ မေ ၁၇)။
- ရန်ကုန်မြို့ တွင် ရှိနေသည့် နိုင်ငံခြား သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များကို အုပ်စုသုံးခုခွဲပြီး စစ်အစိုးရ၏ ရဟတ်ယာဉ်များနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ နာဂစ် မုန်တိုင်းဒဏ်သင့် နေရာများကို စစ်အစိုးရ၀န်ကြီး တချို့က ယနေ့  ခေါ်ဆောင်ပြသခဲ့သည်။ (VOA ၂၀၀၈၊ မေ ၁၇)။
၂၀၀၈၊ မေ ၁၈။
- အရေးပေါ် စားနပ်ရိက္ခာများ အချိန်မီ မပေးပို့နိုင်လျှင် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း တွင် မြန်မာနိုင်ငံ မုန်တိုင်းဒဏ်ခံခဲ့ရသူများထဲမှ ကလေးငယ်ပေါင်း ထောင်နှင့်ချီ၍ အငတ်ဘေး ကြောင့် သေဆုံးသည်အထိ ဖြစ်နိုင်သည်ဟု ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် Save the Children အဖွဲ့က သတိပေးလိုက်သည်။ (VOA ၂၀၀၈၊ မေ ၁၈)
- နာဂစ်မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေၞဒေသ၏ အခြေအနေများ သည် စိတ်ပဵက်ဖွယ်ရာ ဆိုးရွားလွန်းလ္ဘှပီး၊ မုန်တိုင်း္ဘပီး၍ ရက်သတ္တနှစ်ပတ် ကြာသွား္ဘပီဖြစ်သော် လည်း မည်သည့် အကူအညီမှမရပဲ နေထိုင်နေကြရသည်ဟု အဆိုဒေသများမှ ပြန်ရောက် လာ သည့် မဵက်မြင် သက်သေများက ပြောသည်။(RFA ၂၀၀၈၊ မေ ၁၈)
- နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသူများကို ဆေးကုသပေးရန် အာရှတိုက်မှ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများကို မြန်မာနိုင်ငံထဲ ၀င်ရောက်ခွင့် ပြုခဲ့ရာ ဆေးဝါးကိရိယာများ၊ ရိက္ခာများနှင့် တပါ တည်း ဆရာဝန်များ၊ သူနာပြုများနှင့် အခြားဆေးဖက်ကျွမ်းကျင်သူ ၃၀ သည် ထိုင်းနိုင်ငံမှ မြန်မာ ပြည်သို့  ယမန်နေ့က လေယာဉ်ဖြင့် ရောက်ရှိသွားခဲ့ကြသည်။ အိန္ဒိယစစ်တပ်မှ ဆရာဝန်နှင့် ဆေး ဖက်လုပ်သား ၄၇ ဦးသည်လည်း မြန်မာနိုင်ငံသို့ ဝင်ခွင့် ရခဲ့သည်။ (VOA ၂၀၀၈၊ မေ ၁၈)
၂၀၀၈၊ မေ ၁၉။
- နာဂစ်မုန်တိုင်းဒဏ်ခံ မြန်မာပြည်သူများအတွက် နိုင်ငံတကာမှ ပေးပို့ ကူညီမှုမှာ မေလ ၁၉ ရက်နေ့  အထိ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ INGO များနှင့် နိုင်ငံအသီးသီးမှ အထောက်အပံ့ပစ္စည်းများ တန်ချိန် ၃၀၀၀ ၀န်းကျင်ရောက်ရှိခဲ့ပြီးဖြစ်သည်။ (NLM 20080519)
- မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို ကူညီနိုင်ရန်အတွက် ဗြိတိသျှစစ်သင်္ဘော HMS Westminster သည် မြန်မာကမ်းရိုးတန်းနှင့် (၁၂) မိုင်အကွာတွင် ရောက်ရှိနေပြီဖြစ်သည်။ မြန်မာ ဒုက္ခသည်များကို ကူညီခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗြိတိသျှစစ် သင်္ဘော HMS Westminster ရေတပ်ဒု-ဗိုလ်မှူးကြီး Ken Houlberg က ပြောသည်။(ခေတ်ပြိုင် ၂၀၀၈၊ မေ ၁၉)
- မုန်တိုင်းတိုက်၍ ၂ ပတ်ကျော်ကြာခဲ့သော်လည်း အစားအစာနှင့် အာဟာရပြတ်နေသည့် ဒုက္ခသည် ၇၀ ရာခိုင် နူန်းကျော်သည် ကုလသမဂ္ဂက ပေးပိုႛကူညီသည့် အကူအညီများကို ယခုထိ လက်ခံရရှိ ခြင်း မရှိသေးဘူးဟု ကယ်ဆယ်ရေး လုပ်သားများက ပြောသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအ စဉ် (WFP) မှ ပြောခွင့်ရသူ Mr Marcus Prior က မုန်တိုင်းဒုက္ခသည် ၇ သိန်းခွဲသည် စားနပ်ရိက္ခာ ကို အပူတပြင်း လိုအပ်နေက္ဘြပီး၊ လူ ၂ သိန်းခွဲခန့် သာ ၂ ပတ်စာ စားနပ်ရိက္ခာ ခွဲတမ်းကို ရထားကြ သည်ဟု ပြောသည်။ (RFA ၂၀၀၈၊ မေ ၁၉)
- နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသူများ အပါအ၀င် ဘေးဒုက္ခ ရောက်နေ သူပေါင်း ၂.၄ သန်းရှိသွားပြီဟု ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ လူသားဘေးဒုက္ခဆိုင်ရာ ညှိ နှိုင်းဆောင်ရွက်ရေးရုံး တာဝန်ရှိသူက ပြောဆိုသည်။(VOA ၂၀၀၈၊ မေ ၁၉)
- ယနေ့ စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ဒေသတွင်းအရေးပေါ် အစည်းဝေးပွဲ၌ အာဆီယံ (၁၀) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးအပြီး မြန်မာနိုင်ငံရှိ ဆိုင်ကလုန်း လေဘေးဒုက္ခသည်များ အတွက် နိုင်ငံတကာမှ ပေးအပ်သည့် အကူအညီများကို အရှေ့တောင်အာရှ အိမ်နီးနားချင်းနိုင်ငံ များက ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံက သဘောတူညီလိုက်ကြောင်း စင်ကာပူနိုင်ငံ ခြား ရေးဝန်ကြီး ဂျောခ်ျရိုး က ပြောကြားသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ မေ ၁၉)
- သဘာဝဘေးဒုက္ခသည်များအတွက် အကူအညီများ ပိုမိုရရှိစေရန် အာဆီယံအနေဖြင့် ကုလ သမဂ္ဂနှင့်အတူ အကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာညီလာခံတခု ရန်ကုန်မြို့၌ မေ (၂၅) ရက်တွင် ကျင်းပမည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ မေ ၁၉)
၂၀၀၈၊ မေ ၂၀။
- ယနေ့ (မေလ ၂၀) မှစ၍ သုံးရက်တာ ကာလကို နာဂစ်မုန်တိုင်း တိုက်ခတ်ခံရမူ ၀မ်းနည်းခြင်းနေ့  များအဖြစ်သတ်မှတ်ကြောင်း နအဖ က ကြေငြာသည်။
- မုန်တိုင်းဖျက်ဆီးမှု သတင်းများကိုမဖေါ်ပြဘဲ အာဏာပိုင်များဆောင်ရွက်နေသည့် ရန်ကုန်နှင့်မြစ်ဝ ကျွန်းပေါ်ရှိ ပြန်လည်တည် ဆောက်ရေးလုပ် ငန်းများကိုသာ ဖေါ်ပြရန် စာပေစိစစ်ရေးဌာနက အပတ် စဉ်ထုတ် ဂျာနယ်များကို ညွန်ကြားထားသည်။ (မိဇ္ဈိမ၊ ၂၀၀၈ မေ ၂၀)
- ရန်ကုန်တိုင်းအတွင်း ဆိုင်ကလုန်းဒဏ်ကြောင့် အိမ်အမိုးပျက်စီးသွားသူများအနေနှင့် သွပ်၊ သံ စ သည်တို့ကို အစိုးရသတ်မှတ်ဈေးနှင့် ၀ယ်ယူခွင့်ရ ရှိရေးအတွက် သက်ဆိုင်ရာ ရယက များထံသို့ တ ရားမ၀င် ငွေကြေးများ ပေးဆောင်နေရကြောင်း သိရသည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၂၀)
- ရန်ကုန်ရှိ ဆေးတက္ကသိုလ်များ၊ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်များ၊ အ လုပ်သင်ဆရာဝန်များသည် စစ်အစိုးရမှ တာဝန်ပေး ထောက်ပံ့ကူညီမှုများ မပါဝင်ဘဲ သီးခြား အစီ စဉ်များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုမခံရသည့် လေဘေးဒုက္ခသည်များကို ကူညီကုသလျက်ရှိ သည်။ (ခေတ်ပြိုင်၊ ၂၀၀၈ မေ ၂၀)
- ပခုက္ကူတွင် မုန်တိုင်းဒုက္ခသည်များအတွက် အလှူခံရာတွင် ကျန်သိန်းးပေါင်းများစွာ ရရှိခဲ့ပြီး၊ မြို့ နယ် အာဏာပိုင်များက ပြည်ခိုင်ဖြိုး (ကြံ့ ဖွံ့ ) အသင်းကတဆင့် လှူရမည်ဟု အတင်းအကျပ်တောင်းဆို ခြင်းကြောင့် ပေးလိုက်ကြရသည်။ (ဒီဗီဘီ ၂၀၀၈၊ မေ ၂၀)
- မေလ (၁၉)ရက် တနင်္လာနေႛ ညနေ (၄) နာရီခန့် က ဘိုကလေး္ဘမို့ တွင် မိုးသက်လေပြင်း ထပ်္ဘပီး ကဵရောက်ခဲ့သည့်အတွက်ေ႟ွှ့ပြောင်းဒုက္ခသည်များ တင်ဆောင်လာသည့် သင်္ဘောလေးစင်း နစ် မြုပ်သွားခဲ့သည်။ ဘိုကလေး္ဘမို့ နယ်္ဘဗုံးမွှေးကျွန်းနားတွင် တစင်း၊ ကန်တရာဆိပ်နားတွင် နှစ်စင်း၊ ကိုင်းတောဝ ႟ွာနားတွင် တစင်း၊ အသီးသီး နစ်မြုပ်သွားခဲ့သည်။ (RFA၊ ၂၀၀၈၊ မေ ၂၀)
၂၀၀၈၊ မေ ၂၁။
- ကြွေးကျန်သည့် နိုင်ငံများကို အကူအညီ မပေးရေး ပေါ်လစီရှိ၍ ကမ္ဘာ့ဘဏ်အနေဖြင့် မုန်တိုင်းဒဏ် ခံရသည့် မြန်မာနိုင်ငံအတွက် ငွေကြေးအကူ အညီပေးမည်မဟုတ်ကြောင်း ကမ္ဘာ့ဘဏ် အရာရှိတဦး က ပြောသည်။ မြန်မာနိုင်ငံသည် ၁၉၉၈ ခုမှစပြီး ကြွေးဆပ်ရန် ပျက်ကွက်ခဲ့သည်။ (ခေတ်ပြိုင်၊ ၂၀၀၈ မေ ၂၁)
- ဘိုကလေးမြို့ပေါ်တွင် ကျေးရွာများမှရောက်ရှိနေသည့် ဒုက္ခသည်များ သိန်းချီရှိနေပြီး အစားအ သောက်မလောက်ငမှုနှင့် ရေအခက်ခဲတို့ကြောင့် ၀မ်းရောဂါများ ဖြစ်ပွားနေသည်။ (ရိုးမ ၃၊ ၂၀၀၈၊ မေ ၂၁)
- မိဘများ နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးပါးသွားသဖြင့် အုပ်ထိန်းသူမဲ့ ကလေးငယ်များမှာ လမ်း ပေါ်တွင် ကယ်သူရှာနေချိန် အမြတ်ထုတ်လိုသူ ကလေး ကူးသန်းရောင်းဝယ်သူများ၏ သွေးဆောင် ဖျားယောင်းမှု အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေမျိုး ရှိနေသည်ဟု HREIB ခေါ် ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)က ပြောဆိုလိုက်သည်။(မိဇ္ဈိမ၊ ၂၀၀၈ မေ ၂၁)
- ကုလသမဂ္ဂ ကလေးမဵား ရန်ပုံငွေအဖွဲႚ ( ယူနီဆက်) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ရာမက်ရှ် ရှရက်စ်သာက လသားအရွယ်နှင့် နှစ်နှစ်အောက် ကလေးများ အပါအ၀င် မိဘမဲ့ဖြစ်္ဘပီး ကဵန်ရစ်ခဲ့သည့် ကလေးပေၝင်း အနည်းဆုံး ၆၀၀ ကေဵာ် ရှိမည်ဟု ယုံကြည်ရကြောင်း ပြောသည်။ (RFA၊ ၂၀၀၈၊ မေ ၂၁)
- ရဲနှင့် လေဘေး ဒုက္ခသည်များအကြား အချင်းများမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။ တောင်ဒဂုံမြို့ နယ် အမှတ် ၇၂ ရပ်ကွက်တွင် ပုဂ္ဂလိက အလှူရှင်များမှ လာရောက် လှူဒါန်းထားသော ပစ္စည်းများ ကို ရပ်ကွက် အာဏာပိုင်များက ထိန်းချုပ်မှု လုပ်သည်ဆိုကာ ဒုက္ခသည်များက တောင်းဆိုရာမှ နှစ် ဖက် တင်းမာလာပြီး လုံထိန်းရဲများ ရောက်ရှိလာခဲ့သည်။(မိဇ္ဈိမ၊၂၀၀၈ မေ ၂၁)
- နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှု အခြေအနေမှာ လက်ရှိအချိန်အထိ ၂၅ ရာခိုင်နှုန်း သာ ရှိနေသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ (မိဇ္ဈိမ ၊ ၂၀၀၈ မေ ၂၁)
- ၁၉၉ဝ ခုနှစ်က မြစ်ဝကျွန်းပေါ်တွင် ကရင်အမျိုးသားများနှင့် ဖြစ်ပွားခဲ့သောစစ်ပွဲကြောင့် အစိုးရက အညိုးအတေးထားကာ လေဘေးကယ် ဆယ် ရေးလုပ်ရာတွင် ခွဲခြားလုပ်ကိုင် နေသည်ဟု မြန်မာနိုင် ငံတွင်း အခြေစိုက် တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) - EYNG (M) က ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (မိဇ္ဈိမ၊ ၂၀၀၈ မေ ၂၁)
- နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၂) ပတ်ကျော်ကြာသည့်တိုင် မုန်တိုင်းကြောင့် သေဆုံးခဲ့သူများ၏ အ လောင်းများကို သက်ဆိုင်ရာမှ မြှုပ်နှံသင်္ဂြိုဟ်ခြင်း မလုပ်သည့်အပြင် ရှင်းလင်းနေသူများ ကိုလည်း အာဏာပိုင်များက ဟန့်တားနှောင့်ယှက်နေသည်။ (ခေတ်ပြိုင် အင်တာနက်၊ ၂၀၀၈၊ မေ ၂၁)
- ရန်ကုန်မြို့ မြို့နယ်အချို့တွင် လေဘေးဒုက္ခသည်များအား ကြိုတင်ထောက်ခံ ဆန္ဒမဲပေးခိုင်းကာ ဆန်၊ ဆီနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ပေးဝေနေကြောင်း သိရသည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ မေ ၂၁)
- ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ များ မြန်မာနိုင်ငံသို့  မရာက်ခင် မုန်တိုင်းဘေးဒုက္ခ စခန်းများရှိ ဒုက္ခသည်များကို အာဏာပိုင်များက အဓမ္မနှင်ထုတ်နေပြီး အတု အယောင်များနှင့် အစားထိုးရန် ပြင်နေသည်။ (ဒီဗီဘီ၊ ၂၀၀၈၊ မေ ၂၁)
- ပုဂ္ဂလိက အလှူရှင်များ၏ အကူအညီပစ္စည်းများ ရယူနိုင်ရန် ကားလမ်းနံဘေးတွင် စောင့်ဆိုင်း နေ ထိုင်သည့် လေဘေးဒုက္ခသည်များကို အာဏာပိုင်များက ဖယ်ရှားရှင်း လင်းနေပြီး အချို့ကို နမူနာပြ ဖမ်းဆီးအရေးယူနေကြောင်း ကော့မှူး၊ ကွမ်းခြံ ကုန်းမြို့ နယ်ဘက်မှ ပြန်လာသူများက ပြော သည်။(ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၂)
- နာဂစ်လေဘေးဒုက္ခသည်များကို အာဏာပိုင်များက မအူပင်မြို့သို့ ခေါ်ယူကာ ကျောက်ထု ခိုင်းနေ သည်။လေဘေးဒုက္ခသည်များအား ကျောက်ထုခိုင်းခြင်းမှာ မအူပင်မြို့နယ်တွင် လေယာဉ်များ အ တက်အဆင်းပြုလုပ်ရန် ကွင်းတည်ဆောက်နေခြင်းကြောင့်ဖြစ်ကြောင်း ပြည်တွင်းမှ ခိုင်မာသည့် သ တင်းရပ်ကွက်မှ သိရသည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၂)
- မုန်တိုင်းဘေး ဆိုးဆိုးဝၝးဝၝးခံထားရသည့္ ဘိုကေလး႓မိဳႚနယ္မွ ဆေးဝၝးနှင့် ကူညီရေးကယ်ဆယ်ရေး များကို အင်တိုက်အားတိုက် လုပ်ဆောင်နေသည့် သီတဂူကူညီရေး အဖွဲႚက သီတဂူဆရာတော်ကြီး သည် ယခုအခၝ ထိုင်းနိုင်ငံကိုကြွရောက်္ဘပီး မုန်တိုင်းဘေး ကယ်ဆယ်ရေး အတွက် ရန်ပုံငွေရှာဖွေအ လှူခံနေသည်။ (RFA ၂၀၀၈၊ မေ ၂၂)
- ဘိုကလေးမြို့နယ်အတွင်းမှ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေမှာ ဆိုးရွား လာလျှက်ရှိသည်။ နိုင်ငံတကာအကူအညီများ မရရှိသည့် လေဘေး ဒုက္ခသည်များမှာ အလွန်းများ ပြားမှုကြောင့် အလှူရှင်များပေးဝေသည့် ရိက္ခာမှာ လုံလောက်မှုမရှိတော့ကြောင်း ကိုယ်တိုင် ရိက္ခာ ပေးဝေနေသည့် (HRDP) အဖွဲ့ဝင်တဦးက ပြောသည်။ (ရိုးမ ၃၊ ၂၀၀၈ မေ ၂၂)
- ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ဒုက္ခသည်များအတွက် ပစ္စည်းများအား ပေးဝေခြင်း မပြု ဘဲ ကိုယ်ကျိုးအတွက်သုံးစွဲသည့် အာဏာပိုင်များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရပ်ကွက် လူထုက ရာအိမ်မှူးအိမ်အား ဖြိုဖျက်ခဲ့သည်။ (ရိုးမ ၃၊ ၂၀၀၈ မေ ၂၂)
၂၀၀၈၊ မေ ၂၃။
- မြန်မာနိုင်ငံတွင် လေဘေးဒုက္ခသည် ၂.၅ သန်းအတွက် နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့ရေးများ ပိုမိုဖွင့်ပေးရန် စစ်အစိုးရ ခေါင်းဆောင်များအား ဖိအားပေး တိုက်တွန်းနေသည့် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) သည် ဆိုင်ကလုံး လေပြင်းမုန်တိုင်းဒဏ် အကြီးအကျယ် ခံ လိုက်ရသည့် ဧရာဝတီတိုင်းသို့  ကြာဿပတေးနေ့က သွားကြည့်သည်။ (VOA ၂၀၀၈၊ မေ ၂၃)
- ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဧရာဝတီတိုင်းသို့  မသွားရောက်မီ စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ရန်ကုန်တွင် တွေ့ဆုံရာ၊ အသေအကျေ၊ အပျက်အစီး ကြီးမားလွန်း၍ မြန်မာနိုင်ငံ တနိုင်ငံတည်းအနေဖြင့် မကိုင်တွယ်နိုင်ကြောင်း၊ နိုင်ငံတကာ၏ အကူအညီ၊ အ ထောက်အပံ့များ လိုအပ်တယ်ဟု ရှင်းပြသည်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကမူ လေဘေး ကယ်ဆယ်ရေးအဆင့် ပြီးစီးသွား၍ ပြန်လည်ထူထောင်ရေးလုပ်ရန် အချိန်ရောက်နေပြီဟု ပြန်ပြောသည်။(VOA ၂၀၀၈၊ မေ ၂၃)
- ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ရောက် ကူညီခွင့်ပေးရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ် မှူးကြီး သန်းရွှေထံမှ သဘောတူညီချက် ရပြီဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။ နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယနေ့ နေ့လည်က (၂) နာရီကြာ တွေ့ဆုံ အပြီးတွင် ကုလသမဂ္ဂ အကြီးအကဲက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက် ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံသားမဆို ဝင်ရောက်ခွင့် ရမည်ဟု ဆိုသည်။ (မဇ္ဈိမသတင်းဌာန ၂၀၀၈၊ မေ ၂၃။)
- မုန်တိုင်းဘေးကြောင့် မြစ်ဝကျွန်းပေၞ ဒေသတလ္တွောက်တွင် ပြည်သူ သန်းနဲႛ ခဵ္ဘီပီး ဒုက္ခရောက်နေ ကြသည့် အခြေအနေကြောင့် လူမှောင်ခို ကူးခြင်း၊ အတင်းအကဵပ် လုပ်အားပေးခိုင်းခြင်းနှင့် အတင်း အကဵပ် နေရာေ႟ွှႚပြောင်းခြင်းစသည့် အခွင့်အရေး ခဵိုးဖောက်မှုများ ဖြစ်ပေၞလာရန် အလွန်မဵား သည့်အတွက် သတိထားရမည်ဟု ကမႝာ့အလုပ်သမားအဖွဲ့  ILO က သတိပေးလိုက်သည်။ (RFA ၂၀၀၈၊ မေ ၂၃)
- မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို (၃) လစာ ကျွေးရမည့် ဆန်ပမာဏထဲမှ ပဏာမ ဆန်တန် ချိန် (၁) သောင်းကို နအဖ က ပြည်တွင်း၌ ၀ယ်ခွင့်ပြုလိုက်သည်ဟု ကုလ သမဂ္ဂလူသားချင်းစာနာမှု ကူညီရေးဆိုင်ရာအဖွဲ့ (UNOCHA) က သတင်းထုတ်ပြန်သည်။ သို့သော် မုန်တိုင်း ဒုက္ခသည် များ အတွက် လိုသည့်ဆန်ပမာဏ အများအပြားကို ပြည်ပမှ တင်သွင်းရမည်ဖြစ်သည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၂)
၂၀၀၈၊ မေ ၂၄။
- နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ လေဘေး ဒုက္ခသည်များသည် နေထိုင်စားသောက်မှု ဆိုင်ရာ အကူအညီများ လုံလောက်စွာ မရရှိ သေးကြောင်း ဒုက္ခသည်များက ပြောသည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၂၄)
၂၀၀၈၊ မေ ၂၅။
- မြန်မာပြည်က လေဘေးဒုက္ခသည်များအား ကယ်ဆယ်ထောက်ပံ့မည့် နိုင်ငံခြားက အလုပ်သမား များသည် စစ်အစိုးရ၏ ကတိအတိုင်း မြန်မာနိုင်ငံထဲသို့  ၀င်ခွင့်ရရန် စောင့်ဆိုင်းနေကြသည်။ (VOA ၂၀၀၈၊ မေ ၂၅)
- နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ တင်ပို့ရန် အခြေစိုက်စခန်း တခုအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို အသုံးပြုရန် တရားဝင် သတ်မှတ်လိုက် သည်။ (မဇ္ဈိမသတင်းဌာန၊ ၂၀၀၈၊ မေ ၂၅)
- မြန်မာနိုင်ငံက နာဂစ်မုန်တိုင်းဒဏ်သင့် လူထုကို ကူညီရာတွင် ပြန်လည် ထူထောင်ရေး အဆင့်ကို မ ရောက်သေးဘဲ လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ရေး အဆင့်တွင်ပင် ရှိနေသေးသည်ဟု ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောလိုက်သည်။ (VOA ၂၀၀၈၊ မေ ၂၄)
- တနင်္ဂနွေနေႛ ရန်ကုန်္ဘမို့ တွင် ကဵင်းပသည့် မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ဒုက္ခသည်များ အတွက် နိုင်ငံတကာ အလှူငွေထည့်ဝင်ရေး စည်းဝေးပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးခဵုပ်က မြန်မာစစ်အစိုး ရနှင့် နိုင်ငံတကာ အသိုင်းအဝန်းသည် လူႛအသက်များ ကယ်တင်ရေးအပေၞတွင်သာ အာရုံစိုက် ဆောင်ရွက်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။ (RFA ၂၀၀၈၊ မေ ၂၅)
- မြန်မာနိုင်ငံတွင် ယနေ့ပြုလုပ်သွားသည့် နာဂစ် မုန်တိုင်း ဒုက္ခသည်များအတွက် အကူအညီပေးရေး အလှူရှင်နိုင်ငံများ၏ ညီလာခံသို့  တက်ရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နော်ပတွန် ပထမ က မြန်မာနိုင်ငံရှိ ဒုက္ခသည်များကို ကူညီပေးရေး ကိစ္စတွင် နိုင်ငံတကာက အလုပ်သမားများကို ပြည်ဝင် ခွင့်ဗီဇာပေးရာတွင် မြန်မာစစ်အစိုးရက ကိစ္စရပ်တခုချင်းအတွက်သာ ဗီဇာတွေကို ထုတ် ပေးမည်ဖြစ်သည်။ မြန်မာအစိုးရဘက်မှ မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည်တည်ဆောက်ရေးအ တွက် ရံပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း (၁၀.၇)ခန့်  လိုမည်ဟု တောင်းဆိုထားသော် လည်း အဆိုပါငွေကို ပေးမည်ဟု တက်ရောက်လာသည့် ကိုယ်စားလှယ်များက တိတိကျကျ ကတိမပြုကြပေ။ (VOA ၂၀၀၈၊ မေ ၂၅)
၂၀၀၈၊ မေ ၂၆။
- ကုလသမဂ္ဂနှင့် အာဆီယံ နိုင်ငံများက ကမကထ ပြုပြီး၊ မုန်တိုင်းဒဏ် အသင့်ခံ မြန်မာနိုင်ငံအတွက် အလှူငွေ (၂၀၁)သန်း ပေးလှူနိုင်ရန် ကျင်းပခဲ့သည့် ညီလာခံ ယမန်နေ့ က ပြီးဆုံးသွားသော်လည်း အလှူရှင်များက မည်မျှထည့်ဝင်မည်နည်းဆိုသည့် ကတိက၀တ် တရားဝင် ထုတ်ပြန်ချက် ယခုထိ ထွက်ပေါ်လာခြင်းမရှိသေးပေ။ မေလ ၂၄ ရက်နေ့ အထိ ဒေါ်လာ ၅၇ သန်း ကတိက၀တ် ပြုထားကြ သည်။ (VOA ၂၀၀၈၊ မေ ၂၆)
- မုန်တိုင်းကြောင့် ရန်ကုန်တိုင်း မြို့နယ်များအပါအ၀င် မြို့နယ် (၄၀) ရှိ လူပေါင်း (၂.၄) သန်း ဒုက္ခ ရောက်ခဲ့သော်လည်း မေ (၂၃) အထိ ကယ်ဆယ်ရေး အကူအညီ တစုံတရာ ရသူပေါင်း (၄၂) ရာ နှုန်းသာရှိသေးသည်။ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံရသည့် (၁၅) မြို့နယ်ရှိ ဒုက္ခသည် (၂) သန်းအ နက် ကယ်ဆယ်ရေး အကူအညီ တစုံတရာ ရသူပေါင်း (၂၃) ရာနှုန်းသာရှိသည်ဟု UNOCHA အစီရင်ခံစာတွင် ဖော်ပြထားသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ မေ ၂၆)
- ကုလသမဂ္ဂ ကလေးများအရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) ၏ နိုင်ငံတကာဝန်ထမ်း ၆ ဦးကို မုန် တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရသည့် ဒေသများ တွင် တိုင်းတာ စစ်ဆေးမှုများ လုပ်ဆောင်ရန် မြန်မာ အာဏာပိုင်များက ခွင့်ပြုလိုက်သည်။ (VOA ၂၀၀၈၊ မေ ၂၆)
- နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ဘိုကလေးနှင့် ဖျာပုံမြို့နယ်တို့မှ ဒုက္ခ သည်များကို နအဖစစ်အစိုးရက မအူပင် လေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေးခဲ့ပြီး နောက် ယခုလ (၂၄-၂၅) ရက်တို့တွင် အဆိုပါဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့နေသည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၆)
- ဧရာဝတီတိုင်းအတွင်း လေဘေး ဒုက္ခသည်များကို ကူညီပြီး ပြန်လာသည့် အလှူရှင်များ၏ ကားစီး ရေ ၇ဝ ကျော်ကို ယမန်နေ့က ရန်ကုန်သို့ ပြန်အဝင်တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။ ရန် ကုန်သို့ ပြန်ဝင်လာသည့် ကားများကို ရဲမှူးကြီး လူလူဝင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လှိုင် သာယာမြို့ ပန်းလှိုင် တံတားအနီးတွင် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ တညလုံး ဖမ်းဆီးနေခဲ့ခြင်း ဖြစ်သည်။ (မဇ္ဈိမသတင်းဌာန၊ ၂၀၀၈၊ မေ ၂၆)
- မုန်တိုင်းဒဏ်သင့် ကလေးသူငယ်များကို ဓာတ်ပုံရိုက်ခြင်း၊ တွေ့ဆုံမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ဆိုင်ရာ ကျင့်ဝတ်လမ်းညွှန်ချက်များကို ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (ယူ နီဆက်) မှ ထုတ်ပြန်ထားသည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၆)
- မြန်မာနိုင်ငံက မုန်တိုင်းဘေးသင့်သူများအတွက် ကယ်ဆယ်ထောက်ပံႛရေး ပစ္စည်းများ တင်ဆောင် လ္ဘာပီး မြန်မာ့ရေပိုင်နက်အနီးတွင် စောင့်ဆိုင်းနေသည့် ပြင်သစ်ရေတပ်သင်္ဘောကို မြန်မာနိုင်ငံအ တွင်း ဝင်ခွင့်မပေးသည့်အတွက် ထိုင်းနိုင်ငံဖက်သို့  လွှဲပြောင်းပေးမယ်ဟု ဆိုသည်။ (RFA ၂၀၀၈၊ မေ ၂၆)
၂၀၀၈၊ မေ ၂၇။
- မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထုကို မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် ၎င်းတို့ ၏ မူရင်းဒေ သများထံ အတင်းအကျပ် ပြန်ပို့ခြင်းကို လက်ခံနိုင်ခြင်းမရှိဟု ကုလသမဂ္ဂ တာဝန်ရှိသူတဦးက ပြောဆိုသည်။ (VOA ၂၀၀၈၊ မေ ၂၇)
- ဆိုးဆိုးရွားရွား လေဘေးသင့် (၁၁) မြို့နယ်တွင် ရွာ (၃,၅၀၀) အနက် (၁,၄၀၀) ပျက်စီးခဲ့သည်၊ အ ဆိုပါ (၁၁) မြို့နယ်တွင် အိုးမဲ့အိမ်မဲ့ အရေအတွက်မှာ စုစုပေါင်း လေဘေးသင့် ဦးရေ၏ (၃၅)ရာနှုန်း ရှိသည်၊ အဆိုပါ အိုးမဲ့အိမ်မဲ့များ (၈၀) ရာနှုန်းမှာ ဆွေမျိုးများနှင့်အတူနေရသည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၈)
- မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရသူများကို ဆေးဝါးကုသမှု အကူအညီများပေးရန် သွား ရောက်ခဲ့သည့် ထိုင်းနိုင်ငံမှ ထိုင်းဘုရင်ဆေး တပ်ဖွဲ့က တပတ်အတွင်း မြန်မာလူနာ (၂,၅၀၀) ကျော် ကို ဆေးကုသပေးနိုင်ခဲ့သည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၇)
- နိုင်ငံတကာ အဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများ လေဘေးသင့်ဒေသများသို့ သွားလာမည် ဆိုပါက ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သို့ အကြောင်းကြားကာ ခရီးသွားလာခွင့် တင်ပြ၍ ခွင့် ပြုချက်ရယူရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးကိုယ်စား အငြိမ်း စား ဒုတိယဗိုလ်မှူးကြီး ရန်နိုင်က ထုတ်ပြန်ကြေညာထားသည်။ (ဧရာဝတီ၊ ၂၀၀၈ မေ ၂၇)
- နာဂစ်မုန်တိုင်းဒဏ်ကြောင့်တောင်သူ လယ်သမားများ၏ လယ်ယာအများအပြား ပျက်စီးဆုံးရှုံးသည့် ဒုက္ခနှင့် ကြုံတွေ့ ရကာ လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဆန်ပြဿနာနှင့် ရင်ဆိုင်နိုင်ရကြောင်းကို ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှက ပြောသည်။ (ဧရာဝတီ ၂၀၀၈၊ မေ ၂၇)
၂၀၀၈၊ မေ ၂၈။
- နအဖ ဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အမျိုးသား သဘာဝ ကာကွယ်ရေး ဗဟိုကော်မတီ အမည်သုံးကာ ဒေးဒရဲမြို့နယ် အတွင်းရှိ မြို့နယ် မယကရုံးများသည် လေဘေး အလှူရှင်များထံမှ အ လှူငွေနှင့် ပစ္စည်းများ၏ ၂၅ ရာခိုင်နှုန်းကို အချိုးကျ တောင်းယူနေသည်။ (မဇ္ဈိမ၊ ၂၀၀၈ မေ ၂၈)
- ကုလသမဂ္ဂ အတွင်းရေးမှူးခဵုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံကို မကြာခင် အခဵိန်အတွင်းတွင် သွားရောက်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မုန်တိုင်းဘေးသင်ႛသူများအတွက် ဆောင်႟ွက်နေသည့် ကယ်ဆယ်ထောက်ပံႛရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တိုးတက်မှု ရှိ၊ မရှိ ကိုယ်တိုင် မြင်ခဵင်၊ ကြည့်ခဵင်သည့်အတွက် မြန်မာနိုင်ငံကို မကြာခင်ပြန်သွားရန် မှေဵာ်လင်ႛသည်ဟု မေလ ၂၇ရက် နေႛတွင် ပြောဆိုသည်။ (RFA ၂၀၀၈၊ မေ ၂၈)
- ဧရာဝတီ မြစ်ဝကျွန်းပေၞဒေသက အခဵိုႚနေရာများတွင် စေတနာ့ဝန်ထမ်းလူငယ်အဖွဲႚတဖွဲႚက စရိတ် သက်သာသည့် တဲအိမ်များ ဆောက်လုပ်ပေးသည့် လုပ်ငန်းတခု စတင် အကောင်အထည်ဖော်န္ဘေပီး စိတ်ဝင်စားသူမဵားနေသည်။ (RFA ၂၀၀၈၊ မေ ၂၈)
- ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင်းရှိ အထွေထွေကုန်ဈေးနှုန်း (၁၉) မျိုးနှင့် ပတ်သက်၍ ကုလ သမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က စာရင်း ထုတ်ပြန်ထားရာ ဆန်တပြီ (၁,၅၀၀) ကျပ်၊ ပဲဆီ တပိ ဿာ ကျပ် (၄,၅၀၀) ရှိပြီး ဆားဈေးမှာ တပိဿာ (၁,၄၀၀) ကျပ်ပေါက်သည်။ ဒီဇယ်ဈေးက တဂါလံ (၇,၀၀၀) ကျပ်ရှိပြီး ဓာတ်ဆီဈေးက တဂါလံ (၆,၅၀၀) ရှိသည်။ ဘိလပ်မြေ တအိတ် (၁၁,၀၀၀) ကျပ်ဈေးမှာ ရှစ်ပေသုံးပေ သွပ်တချပ်နှင့် ဈေးချင်းတူနေသည်။ သဲတအိတ် (၁,၅၀၀)၊ လက်ကိုင် ထွန်စက်တလုံး (၁၃၀,၀၀၀)၊ မော်တော်ဘုတ်တစီး (၃၅၀,၀၀၀)၊ ငါးဖမ်းလှေငယ်တစီး (၁၄၀,၀၀၀) စသဖြင့် မုန်တိုင်းလွန် ပေါက်ဈေးများကို ဖော်ပြထားသည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၈)
- ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသော လေဘေးဒုက္ခသည်များကို အာဏာပိုင်များက ၎င်းတို့ခိုလှုံရာ ဒုက္ခသည်စခန်း များမှ ပြန်လည်နှင်လွှတ်နေရာမြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက္ကံမြို့သစ်အတွင်း ရွက်ဖျင်တဲများဖြင့် စုစည်းနေထိုင်ကြသည့် လူဦးရေ ၃၀၀၀ ကျော် ရှိသော ဒုက္ခသည်စခန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၁၆ ရပ်ကွက် မ၀တ လမ်းဆုံ နတ်စင်လမ်းမှတ်တိုင် အနီးရှိ ရွက်ဖျင်တဲများဖြင့် ဖွင့်လှစ်ထား သည့် ကယ်ဆယ်ရေးစခန်း၊ ဒလမြို့နယ်အမှတ် ၂ အခြေခံ ပညာ အထက်တန်း ကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများကို မေလ ၂၃ ရက် နေ့က ပိတ်ပင်လိုက်သည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၂၈)
၂၀၀၈၊ မေ ၂၉။
- အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး တင်မိုသီ က ထိုင်းနိုင်ငံမှ ရန်ကုန်မြို့ သို့  တခေါက်လျှင် မက်ထ ရစ်တန်ချိန် ၃၇၀ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် စီ ၁၃၀ အမျိုးအစား အမေရိကန် စစ်လေယာဉ် အခေါက်ပေါင်း (၇၀) ပို့ဆောင် ပေးနိုင်ခဲ့သော်လည်း အဆိုပါ ကယ်ဆယ်ရေး ပစ္စည်း များသည် နာဂစ် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ဒေသများတွင် မည်သို့ ဒုက္ခသည်များကို ဖြန့်ချီမှုပေးနေ သည်ကိုတော့ ၎င်းအနေနှင့် အသေအချာ မပြောနိုင်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားသည်။ (VOA ၂၀၀၈၊ မေ ၂၉)
- စစ်အစိုးရအာဏာပိုင်များက ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများအားလုံးကို ပိတ်ပစ်လိုက်ပြီး နိုင်ငံခြား ကယ်ဆယ်ရေး အဖွဲ့များကို သွားရောက်ခွင့်မပြုသည့်အတွက် ဒုက္ခသည် ပြည်သူများ အခက်အခဲ ကြုံနေရသည်။ (Yoma 3၊ ၂၀၀၈ မေ ၂၉)
- မြန်မာစစ်အစိုးရက ကုလသမဂ္ဂ ကယ်ဆယ်ရေးလုပ်သားများ အားလုံးနှင့် နိုင်ငံတကာ ကယ်ဆယ် ရေးလုပ်သား အတော်များများကို ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးနေသည်ဟု ဧဂျင်စီသတင်းများ တွင် ဖော်ပြသည်။ အခြားအဖွဲ့အစည်းများမှ ကယ်ဆယ်ရေး လုပ်သားများသည်လည်း မုန်တိုင်း ထိခိုက်မှု အများဆုံး ခံရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ပိုမိုဝင်ခွင့်ရနေပြီဖြစ်သည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၉)
- မြန်မာနိုင်ငံရှိ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များအား လွတ်လပ်စွာအကူအညီပေးရေးနှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပ အကူအညီများနှင့် ဒုက္ခသည်များအပေါ် ဝေဖန်ရေးသားထား သည် များကို ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ (ဧရာဝတီ၊ ၂၀၀၈ မေ ၂၉)
- မုန်တိုင်းကြောင့် ပျက်စီးမှုနှင့် ပြန်လည်ထူထောင်ရေးအတွက် စစ်အစိုးရ လိုအပ်ချက် ဒေါ်လာ ၁၁ ဘီလီယံခန့် တင်ပြ တောင်းဆိုသော်လည်း ဒေါ်လာသန်း ၁၅၀ ကျော်သာ ယခုညီလာခံက ကတိပြု ကြသောကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောဆိုသည့် အ ရေးပေါ် ၃ လစာ အကူအညီအတွက် ဒေါ်လာ ၂၀၁ သန်း ပမာဏ ကိုပင် မပြည့်မီကြောင်း နိုင်ငံတ ကာအကူအညီပေးရေး ညီလာခံနှင့် ပတ်သက်ပြီး နအဖ က ဝေဘန်ထားသည်။ (ဧရာဝတီ၊ ၂၀၀၈ မေ ၂၉)
- မန္တလေးမြို့ရှိ လူရွှင်တော်များ ဖြစ်ကြသည့် ဦးပါပါလေး၊ ဦးလူဇော်၊ ဦးလူမော်တို့ အပါအ၀င် ဦးဒီပါ၊ ဦးချစ်စရာတို့ ၏ မုန်တိုင်းရန်ပုံငွေ ဖျော်ဖြေပွဲ ကို ယနေ့ပြုလုပ်ရန်စီစဉ်ထားရာ သဘင်အစည်းအရုံး က အကြောင်းပြချက်မပေးဘဲ ဇွန်လ ၄ ရက်နေ့သို့ ပြောင်းရွှေ့ခိုင်းလိုက်သည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၂၉)
- နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ဘိုကလေး၊ ဟိုင်းကြီးကျွန်း၊ ဒေးဒရဲ၊ လပွတ္တာမြို့တို့မှ လေ ဘေး ဒုက္ခသည်များမှာ နေရေးထိုင်ရေးနှင့် စားရေးတို့အတွက် အလှူရှင်များကိုသာ စောင့်မျှော် နေ ကြရပြီး သူတို့၏ လယ်မြေများ ရေလွှမ်းကုန်ခြင်း၊ ကျွဲနွားများ သေကြေပျက်စီးခြင်း၊ မျိုးစပါး ပျက်စီး ခြင်းတို့ကြောင့် လယ်ထွန် စပါးစိုက်ရန်အတွက်ပင် မစဉ်းစားနိုင်ကြပေ။ (မဇ္ဈိမ၂၀၀၈၊ မေ ၂၉။)
- မြန်မာသံ႟ုံးများမှတဆင့် နိုင်ငံခြားသား ကယ်ဆယ်ရေးဝန်ထမ်းများကို ဗီဇာထုတ်ပေးနေသော် လည်း ပြည်တွင်းတွင် အဆိုပါဝန်ထမ်းများသည် ဆိုင်ကလုံးမုန်တိုင်း အပြင်းအထန်ခံရသည့် ဧရာဝ တီ မြစ်ဝကျွန်းပေၞဒေသသို့  အရောက်သွားရရေးအတွက် အာဏာပိုင်များ၏ ကန်ႛသတ်မှုများ ရှိနေ သေးကြောင်း ကုလသမဂ္ဂအရာရှိတဦးက အဂၤၝေနႛက ပြောသည်။ (RFA ၂၀၀၈၊ မေ ၂၉)
၂၀၀၈၊ မေ ၃၀။
- မြန်မာနိုင်ငံတွင် ဆိုင်ကလုံးလေမုန်တိုင်းဒဏ်ခံလိုက်ရသည့် ဒေသများအတွက် ဒေါ်လာသန်းပေါင်း များစွာ အကုန်ခံပြီး WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်နှင့် လုပ်ကိုင်မည့်အေဂျင်စီများက ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။(VOA ၂၀၀၈၊ မေ ၃၀)
- နာဂစ်မုန်တိုင်းသင့် ဒေသများတွင် ကျောင်းများ ပျက်စီးကြသဖြင့် ထိခိုက်နစ်နာရသူ ကျောင်းသား ဦးရေမှာ ၁ ဒဿမ ၁ သန်း ရှိသည်ဟု အစိုးရက ဆိုသည်။ ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် ပျက်စီး သွားသော အခြေခံ ပညာ ကျောင်းပေါင်း ၄၁၀၆ ကျောင်း ရှိသည့်အနက် လုံးဝ ပျက်စီး သွားသော ကျောင်း ၁၂၅၅ ရှိကာ၊ ၈၀၄ ကျောင်းမှာ ဆိုးဝါးစွာ ပျက်စီးသွားပြီး ၁၉၉၆ ကျောင်းမှာမူ အမိုးများ ပျက်သွားသဖြင့် ကျောင်းသားများ ယခုလို ပညာသင်ကြားရေး ထိခိုက်ကြရသည်။ (မဇ္ဈိမ ၂၀၀၈၊ မေ ၃၀)
- မုန်တိုင်းဒဏ်ကြောင့် ကျောင်းသား ၁ သန်းကျော် စာသင်ကြားနေသည့် ကျောင်းပေါင်း ၄ ထောင် ခန့်  ပျက်စီးခဲ့ပြီး၊ ကျောင်းဆရာ၊ ဆရာမ အနည်းဆုံး တရာကျော် သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ် ရံပုံငွေ အဖွဲ့ (Unicef) က ခန့်မှန်း တွက်ချက်ထားသည်။ (VOA ၂၀၀၈၊ ဇွန် ၁)
- ကျောင်းဖွင့်ရန် အဆင်သင့် မဖြစ်သေး၍ ဧရာဝတီတိုင်းရှိ လေဘေးဒဏ်သင့် ငပုတော၊ ကျိုက် လတ်၊ ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်လမြိုင် ကျွန်းမြို့ နယ် ၇ မြို့နယ်တို့အတွင်းမှ အခြေခံ ပညာ ကျောင်းဖွင့်ရက်များကို ရွှေ့ဆိုင်းလိုက်သည်။ နိုင်ငံတ၀ှမ်းလုံး ကျောင်းအပ်ရက် ကို မေလ ၂၅ ရက်နေ့မှ စတင် သတ်မှတ်ထားပြီး ကျောင်းဖွင့်ချိန်မှာ ဇွန်လ ၂ ရက်နေ့ ဖြစ်သည်။ ရန်ကုန်တိုင်းနှင့် အခြား ပြည်နယ်-တိုင်းများမှ ကျောင်းများသည် ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။ (မဇ္ဈိမ ၂၀၀၈၊ မေ ၃၀)
|