၂၀၀၈၊ မေ ၂၀။
နာဂစ် ၀မ်းနည်းခြင်းနေ့ (၃) ရက် သတ်မှတ်။
ယနေ့ (မေလ ၂၀) မှစ၍ သုံးရက်တာ ကာလကို နာဂစ်မုန်တိုင်း တိုက်ခတ်ခံရမူ ၀မ်းနည်းခြင်းနေ့ များအဖြစ်သတ်မှတ်ကြောင်း နအဖ က ကြေငြာသည်။
၂၀၀၈၊ မေ ၁၉
ဒုက္ခသည် ၇၀ရာခိုင်နူန်းကေဵာ် အာဟာရပြတ်လပ်နေ
မုန်တိုင်းတိုက်ပီး ၂ ပတ်ကျော်ကြာခဲ့ပေမဲ့ အစားအစာနဲ့အာဟာရပြတ်နေတဲ့ ဒုက္ခ သည် ၇၀ ရာခိုင်နူန်းကျော်ဟာ ကုလသမဂ္ဂက ပေးပိုႛကူညီတဲ့ အကူအညီတွေကို အခု ထိ လက်ခံရရှိခြင်း မရှိသေးဘူးလိုႛ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပၝတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောခွင့်ရသူ Mr Marcus Prior က မုန် တိုင်းဒုက္ခသည် ၇ သိန်းခွဲဟာ စားနပ်ရိက္ခာကို အပူတပြင်းလိုအပ်နေက္ဘြပီး လူ ၂ သိန်းခွဲ လောက်သာ ၂ ပတ်စာ စားနပ်ရိက္ခာ ခွဲတမ်းကို ရထားကြတယ်လိုႛ ပြောပၝတယ်။ အစားအစာမရွိလိုႛတခဵိဳ ့ဟာ မူရင်းနေရာမှာ မနေနိုင်ပဲ နယ်တွေကို စွန်ႛခွာ ထွက်လာနေကြပၝတယ်။(RFA ၂၀၀၈၊ မေ ၁၉)
မုန်တိုင်းဒုက္ခသည် ၂.၄ သန်းထိ ဖြစ်လာ
နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသူတွေ အပါအ၀င် ဘေး ဒုက္ခ ရောက်နေသူပေါင်းဟာ ၂.၄ သန်းရှိသွားပြီလို့ ဘန်ကောက် အခြေစိုက် ကုလ သမဂ္ဂရဲ့ လူသား ဘေးဒုက္ခဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး တာဝန်ရှိသူက ပြော လိုက်ပါတယ်။(VOA ၂၀၀၈၊ မေ ၁၉)
ဗြိတိသျှစစ်သင်္ဘော မြန်မာရေပိုင်နက်အနီး ရောက်ပြီ
မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို ကူညီနိုင်ရန်အတွက် ဗြိတိသျှစစ်သင်္ဘော HMS Westminster သည် မြန်မာကမ်းရိုးတန်းနှင့် (၁၂) မိုင်အကွာတွင် ရောက်ရှိနေပြီဖြစ် သည်။ မြန်မာဒုက္ခသည်များကို ကူညီခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗြိတိသျှစစ် သင်္ဘော HMS Westminster ရေတပ်ဒု-ဗိုလ်မှူးကြီး Ken Houlberg က ပြောသည်။(ခေတ်ပြိုင် အင်တာနက်၊ ၂၀၀၈၊ မေ ၁၉)
မြန်မာနိုင်ငံတွင်း ၀င်စွက်ခွင့် ဗြိတိန်ထောက်ခံ
မြန်မာစစ်အစိုးရက နိုင်ငံတကာအကူအညီများကို ငြင်းဆန် နေမှုကြောင့် မုန်တိုင်း ဒဏ်သင့် ကလေးများ သေကျေပျက်စီး ကပ်မီးဆိုက်မည်ဆိုလျှင် လူမှုရေးအခြေခံပြီး မြန်မာနိုင်ငံတွင်း ၀င်စွက်ခွင့်ကို ဗြိတိန်က ထောက်ခံမည်ဖြစ်သည်ဟု ဗြိတိသျှ ဒုတိ ယနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Lord Malloch-Brown က လောလောဆယ် ရန်ကုန်ရောက်နေစဉ် လန်ဒန်အခြေစိုက် The Times သတင်းစာကြီးကို ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ (ခေတ်ပြိုင် အင်တာနက်၊ ၂၀၀၈၊ မေ ၁၉)
အာဆီယံဦးဆောင်သည့် ဆိုင်ကလုန်းကယ်ဆယ်ရေးကို မြန်မာလက်ခံ
ယနေ့ စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ဒေသတွင်းအရေးပေါ် အစည်းဝေးပွဲ၌ အာဆီယံ (၁၀) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးအပြီး မြန်မာနိုင်ငံရှိ ဆိုင်က လုန်း လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာမှ ပေးအပ်သည့် အကူ အညီများ ကို အရှေ့တောင်အာရှ အိမ်နီးနားချင်းနိုင်ငံတို့က ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံက သဘောတူညီလိုက်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျောခ်ျရိုး က ပြောကြားသည်။ (ခေတ်ပြိုင် အင်တာနက်၊ ၂၀၀၈၊ မေ ၁၉)
အကူအညီပေးရေး ညီလာခံ ရန်ကုန်တွင် ကျင်းပမည်။
သဘာဝဘေးဒုက္ခသည်များအတွက် အကူအညီများ ပိုမိုရရှိစေရန် အာဆီယံအနေ ဖြင့် ကုလသမဂ္ဂနှင့်အတူ အကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာညီလာခံတခု ရန် ကုန်မြို့၌ မေ (၂၅) ရက်တွင် ကျင်းပမည်ဟု သိရသည်။(ခေတ်ပြိုင် အင်တာနက်၊ ၂၀၀၈၊ မေ ၁၉)
more news>>
|