၂၀၀၈၊ မေ ၂၁။
ဂျာနယ်များ ‘အပျက်အစီး’ ဖော်ပြခွင့်မရ
မုန်တိုင်းဖျက်ဆီးမှု သတင်းများကိုမဖေါ်ပြဘဲ အာဏာပိုင်များဆောင်ရွက်နေသည့် ရန်ကုန်နှင့်မြစ်ဝကျွန်းပေါ်ရှိ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကိုသာ ဖေါ်ပြရန် စာပေစိစစ်ရေးဌာနက အပတ်စဉ်ထုတ် ဂျာနယ်များကို ညွန်ကြားထားသည်ဟု ဒေသခံသတင်းစာ ဆရာများ၏ အပြောအရ သိရပါသည်။ (မိဇ္ဈိမ အင်တာနက်၊ ၂၀၀၈ မေ ၂၀)
မြန်မာမုန်တိုင်းဒုက္ခသည်များအတွက် ကမ္ဘာ့ဘဏ်က ငွေကြေးမကူညီနိုင်
ကြွေးကျန်သည့် နိုင်ငံများကို အကူအညီ မပေးရေး ပေါ်လစီရှိ၍ ကမ္ဘာ့ဘဏ်အနေဖြင့် မုန်တိုင်းဒဏ် ခံရသည့် မြန်မာနိုင်ငံအတွက် ငွေကြေးအကူအညီပေးမည်မဟုတ် ကြောင်း ကမ္ဘာ့ဘဏ် အရာရှိတဦးက ပြောသည်။ မြန်မာနိုင်ငံသည် ၁၉၉၈ ခုမှစပြီး ကြွေးဆပ်ရန် ပျက်ကွက်ခဲ့သည်။ (ခေတ်ပြိုင်၊ ၂၀၀၈ မေ ၂၁)
ဆရာဝန်များက ကိုယ်ပိုင်အစီစဉ်ဖြင့် ဒုက္ခသည်များကို ကူညီကုသ
ရန်ကုန်ရှိ ဆေးတက္ကသိုလ်များ၊ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်များ၊ အလုပ်သင်ဆရာဝန်များသည် စစ်အစိုးရမှ တာဝန်ပေး ထောက်ပံ့ကူညီမှုများ မပါဝင်ဘဲ သီးခြား အစီစဉ်များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုမခံရသည့် လေဘေးဒုက္ခသည်များကို ကူညီကုသ လျက်ရှိသည်။ (ခေတ်ပြိုင်၊ ၂၀၀၈ မေ ၂၀)
အိမ်ပြန်ပြင်လိုသူ ရန်ကုန်မြို့သားများ အခက်ကြုံနေ
ရန်ကုန်တိုင်းအတွင်း ဆိုင်ကလုန်းဒဏ်ကြောင့်အိမ်အမိုးပျက်စီးသွားသူများအနေနှင့် သွပ်၊ သံ စသည်တို့ကို အစိုးရသတ်မှတ် ဈေးနှင့် ၀ယ်ယူခွင့်ရရှိရေးအတွက် သက်ဆိုင်ရာ ရယက များထံသို့ တရားမ၀င် ငွေကြေးများ ပေးဆောင်နေရကြောင်း သိရသည်။ (ဧရာဝတီ အင်တာနက်၊ ၂၀၀၈၊ မေ ၂၀)
မုန်တိုင်းဒုက္ခသည်အတွက် အလှူငွေ ပြည်ခိုင်ဖြိုးသိမ်း
ပခုက္ကူတွင် မုန်တိုင်းဒုက္ခသည်များအတွက် အလှူခံရာမှာ ကျန်သိမ်းပေါင်းများစွာ ရရှိခဲ့ပြီး၊ မြို့ နယ်အာဏာပိုင်တွေက ပြည်ခိုင်ဖြိုး (ကြံ့ ဖွံ့ ) အသင်းကတဆင့် လှူရမယ် လို့  အတင်းအကျပ်တောင်းဆိုတာကြောင့် ပေးလိုက်ကြရပါတယ်။ (ဒီဗီဘီ အင်တာနက်၊ ၂၀၀၈၊ မေ ၂၀)
လေဘေးဒုက္ခသည်မဵားတင်လာသော သင်္ဘော လေးစီး လေပြင်းမိ နစ်မြုပ်
မေလ (၁၉)ရက် တနင်္လာနေႛ ညနေ (၄) နာရီလောက်က ဘိုကလေး္ဘမို့ မှာ မိုးသက်လေပြင်း ထပ်္ဘပီး ကဵရောက်ခဲ့တဲ့အတွက်ေ႟ွှ့ပြောင်းဒုက္ခသည်တွေ တင်ဆောင်လာတဲ့ သင်္ဘော လေးစင်း နစ်မြုပ်သွားခဲ့ ပၝတယ်။ ဘိုကလေး္ဘမို့ နယ်္ဘဗုံးမွှေးကျွန်းနားမှာ တစင်း၊ ကန်တရာဆိပ်နားမှာ နှစ်စင်း၊ ကိုင်းတောဝ ႟ွာနားမှာ တစင်း၊ စုစုပေၝင်း လေးစင်း နစ်မြုပ်သွားခဲ့ပၝတယ်။ (RFA၊ ၂၀၀၈၊ မေ ၂၀)
ဒုက္ခသည်သိန်းချီရှိနေပြီး အစားအသောက်အခက်အခဲ ရေအခက်အခဲတို့ကြောင့် ၀မ်းရောဂါများဖြစ်ပွားနေ
ဘိုကလေးမြို့ပေါ်တွင် ကျေးရွာများမှရောက်ရှိနေသည့် ဒုက္ခသည်များ သိန်းချီရှိနေပြီး အစားအသောက်မလောက်ငမှုနှင့် ရေအခက်ခဲတို့ကြောင့် ၀မ်းရောဂါများ ဖြစ်ပွားနေသည်။ (ရိုးမ ၃ အင်တာနက်၊ ၂၀၀၈၊ မေ ၂၁)
more news>>
|