၂၀၀၈၊ မေ ၂၂။

မိဘမဲ့ ကလေးများ လူကုန်ကူးခံရမှု အန္တရာယ်ရှိနေ

မိဘများ နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးပါးသွားသဖြင့် အုပ်ထိန်းသူမဲ့ ကလေးငယ်များမှာ လမ်းပေါ်တွင် ကယ်သူရှာနေချိန် အမြတ်ထုတ်လိုသူ ကလေး ကူးသန်းရောင်းဝယ်သူများ၏ သွေးဆောင် ဖျားယောင်းမှု အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေမျိုး ရှိနေသည်ဟု HREIB ခေါ် ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)က ပြောဆိုလိုက်ခြင်း ဖြစ်သည်။(မိဇ္ဈိမ အင်တာနက်၊ ၂၀၀၈ မေ ၂၁)

မုန်တိုင်းကြောင့် မိဘမဲ့ ကလေး အနည်းဆုံး ၆၀၀ ရှိနိုင်။

ကုလသမဂ္ဂ ကလေးမဵား ရန်ပုံငွေအဖွဲႚ ( ယူနီဆက်) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ရာမက်ရှ် ရှရက်စ်သာက လသားအရွယ်နဲ့  နှစ်နှစ်အောက် ကလေးတွေ အပါအ၀င် မိဘမဲ့ဖြစ်္ဘပီး ကဵန်ရစ်ခဲ့တဲ့ကလေးပေၝင်း အနည်းဆုံး ၆၀၀ ကေဵာ် ရှိလိမ့်မယ်လိုႛ ယုံကြည်ရကြောင်း ပြောပၝတယ်။ (RFA၊ ၂၀၀၈၊ မေ ၂၁)

ရဲနှင့် ဒုက္ခသည်များအဓိကရုဏ်းဖြစ်

ရဲနှင့် လေဘေး ဒုက္ခသည်များအကြား အချင်းများမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။ တောင်ဒဂုံမြို့နယ် အမှတ် ၇၂ ရပ်ကွက်တွင် ပုဂ္ဂလိက အလှူရှင်များမှ လာရောက် လှူဒါန်းထားသော ပစ္စည်းများကို ရပ်ကွက် အာဏာပိုင်များက ထိန်းချုပ်မှု လုပ်သည်ဆိုကာ ဒုက္ခသည်များက တောင်းဆိုရာမှ နှစ်ဖက် တင်းမာလာပြီး လုံထိန်းရဲများ ရောက်ရှိလာခဲ့သည်။(မိဇ္ဈိမ အင်တာနက်၊ ၂၀၀၈ မေ ၂၁)

နာဂစ်အကူအညီ ၂၅ ရာနှုန်းသာရှိသေးဟု ဘန်ကီမွန်း ပြောကြား

နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှု အခြေအနေမှာ လက်ရှိအချိန်အထိ ၂၅ ရာခိုင်နှုန်းသာ ရှိနေသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ဒုက္ခသည်များထံ အကူအညီ အပြည့်အဝ ရောက်ရှိသည်အထိ သူ့အနေဖြင့် ကြိုးစား လုပ်ဆောင်သွားမည်ဟု ကတိပြုလိုက်သည်။(မိဇ္ဈိမ အင်တာနက်၊ ၂၀၀၈ မေ ၂၁)

ကယ်ဆယ်ရေးတွင် လူမျိုးရေးခွဲခြားမှုရှိနေ

မြစ်ဝကျွန်းပေါ်တွင် ဖြစ်ပွားဖူးသည့်စစ်ပွဲကြောင့် လေဘေးကယ်ဆယ်ရေးလုပ်ရာတွင် အစိုးရအနေဖြင့် စနစ်တကျ ခွဲခြားလုပ်ကိုင် နေသည်ဟု တိုင်းရင်းသားလူငယ်များက စွပ်စွဲပြောဆိုလိုက်သည်။

၁၉၉ဝ ခုနှစ်တွင် ကရင်အမျိုးသားနှင့် ဖြစ်ပွားခဲ့သောစစ်ပွဲကြောင့် အစိုးရက အညိုးအတေးထား လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတွင်း အခြေစိုက် တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) - EYNG (M) က ယမန်နေ့ ကြေညာချက်ထုတ်ပြန်ကာ ပြောဆို လိုက်ခြင်း ဖြစ်သည်။ (မိဇ္ဈိမ အင်တာနက်၊ ၂၀၀၈ မေ ၂၁)

မေ (၂၀) ရက်ထိ အလောင်းကောက်သူ မရှိသေး

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၂) ပတ်ကျော်ကြာသည့်တိုင် မုန်တိုင်းကြောင့် သေဆုံးခဲ့သူများ၏ အလောင်းများကို သက်ဆိုင်ရာမှ မြှုပ်နှံသင်္ဂြိုဟ်ခြင်း မလုပ်သည့်အပြင် ရှင်းလင်းနေသူများ ကိုလည်း အာဏာပိုင်များက ဟန့်တားနှောင့်ယှက်နေကြောင်း သိရသည်။ (ခေတ်ပြိုင် အင်တာနက်၊ ၂၀၀၈၊ မေ ၂၁)

ကြိုတင်ထောက်ခံမဲနှင့် ကယ်ဆယ်ရေးပစ္စည်းများ လဲနေ

ရန်ကုန်မြို့ မြို့နယ်အချို့တွင် လေဘေးဒုက္ခသည်များအား ကြိုတင်ထောက်ခံ ဆန္ဒမဲပေးခိုင်းကာ ဆန်၊ ဆီနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ပေးဝေနေကြောင်း သိရသည်။(ခေတ်ပြိုင် အင်တာနက်၊ ၂၀၀၈၊ မေ ၂၁)

ကုလအရာရှိမရောက်မီ ဒုက္ခသည်များကို နှင်ထုတ်၊ အစားထိုးနေ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ တွေ မြန်မာနိုင်ငံကို မရာက်ခင်မှာ မုန်တိုင်းဘေးဒုက္ခစခန်းတွေရှိ ဒုက္ခသည်တွေကို အာဏာပိုင်တွေက အဓမ္မနှင်ထုတ်နေသလို အတုအယောင်တွေနဲ့  အစားထိုးဖို့  ပြင်နေပါတယ်။ (ဒီဗီဘီ၊ ၂၀၀၈၊ မေ ၂၁)


more news>>

Copyright©2007 Emergency Burma Relief