၂၀၀၈၊ မေ ၂၃။
ကယ်ဆယ်ရေးဝန်ထမ်းအားလုံး ၀င်ခွင့်ရပြီဟုဆို
ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ရောက် ကူညီခွင့်ပေးရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ သဘောတူညီချက် ရပြီဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။ နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယနေ့ နေ့လည်က (၂) နာရီကြာ တွေ့ဆုံအပြီးတွင် ကုလသမဂ္ဂ အကြီး အကဲက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံသားမဆို ဝင်ရောက်ခွင့် ရမည်ဟု ဆိုသည်။ (မဇ္ဈိမသတင်းဌာန ၂၀၀၈၊ မေ ၂၃။)
လေဘေးကယ်ဆယ်ရေးအဆင့်ပြီးသွားပြီလို့  ဗိုလ်ချုပ်ကြီး သိန်းစိန်ပြော။
၂၀၀၈၊ မေ ၂၃
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဧရာဝတီတိုင်းကို မသွားရောက်မီ စစ်အစိုး ရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ ရန်ကုန်မှာ တွေ့ဆုံပါတယ်။ အသေအကျေ၊ အပျက်အစီးက ကြီးမားလွန်းလို့ မြန်မာနိုင်ငံ တနိုင်ငံတည်းအနေနဲ့ မကိုင်တွယ်နိုင်ပါ ဘူး၊ နိုင်ငံတကာရဲ့ အကူအညီ၊ အထောက်အပံ့များ လိုအပ်တယ်လို့ အတွင်းရေးမှူး ချုပ်က ရှင်းပြပါတယ်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကတော့ လေဘေးကယ် ဆယ်ရေးအဆင့် ပြီးစီးသွားလို့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အချိန်ရောက်နေပြီလို့ ပြန်ပြောပါတယ်။(VOA ၂၀၀၈၊ မေ ၂၃)
ကုလ အတွင်းရေးမှူးချုပ် ဧရာဝတီတိုင်းကို ကြည့်ရူ
မြန်မာနိုင်ငံမှာ လေဘေးဒုက္ခသည် ၂.၅ သန်းအတွက် နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့ရေးများ ပိုမိုဖွင့်ပေးဖို့ စစ်အစိုးရ ခေါင်းဆောင်များအား ဖိအားပေး
တိုက်တွန်းနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ ဆိုင်ကလုံး လေပြင်းမုန်တိုင်းဒဏ် အကြီးအကျယ် ခံလိုက်ရတဲ့ ဧရာဝတီတိုင်းကို ကြာ သပတေးနေ့က သွားကြည့်ပါတယ်။ (VOA ၂၀၀၈၊ မေ ၂၃)
ဒုက္ခသည်များအတွက် ဆန် ပြည်တွင်းဈေးကွက်မှာ WFP ကို ၀ယ်ခွင့်ပေး
မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို (၃) လစာ ကျွေးရမည့် ဆန်ပမာဏထဲမှ ပဏာမ ဆန်တန်ချိန် (၁) သောင်းကို ယခုကဲ့သို့ ပြည်တွင်း၌ ၀ယ်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု ကုလ သမဂ္ဂလူသားချင်းစာနာမှု ကူညီရေးဆိုင်ရာအဖွဲ့ (UNOCHA) က သတင်းထုတ်ပြန်သည်။ သို့သော် မုန်တိုင်းဒုက္ခသည်များအတွက် လိုသည့်ဆန်ပမာ ဏ အများအပြားကို ပြည်ပမှ တင်သွင်းရမည်ဖြစ်သည်ဟု စုံစမ်းသိရသည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၂)
လေဘေးဒုက္ခသည်များကို နမူနာပြ ဖမ်းဆီး
ပုဂ္ဂလိက အလှူရှင်များ၏ အကူအညီပစ္စည်းများ ရယူနိုင်ရန် ကားလမ်းနံဘေးတွင် စောင့်ဆိုင်း နေထိုင်သည့် လေဘေးဒုက္ခသည်များကို အာဏာပိုင်များက ဖယ်ရှားရှင်း လင်းနေပြီး အချို့ကို နမူနာပြ ဖမ်းဆီးအရေးယူနေကြောင်း ကော့မှူး၊ ကွမ်းခြံ ကုန်းမြို့ နယ်ဘက်မှ ပြန်လာသူများက ပြောသည်။(ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၂)
လေဘေးဒုက္ခသည်များကို အာဏာပိုင်များက ကျောက်ထုခိုင်း
နာဂစ်လေဘေးဒုက္ခသည်များကို အာဏာပိုင်များက မအူပင်မြို့သို့ ခေါ်ယူကာ ကျောက်ထု ခိုင်းနေကြောင်း သိရသည်။လေဘေးဒုက္ခသည်များအား ကျောက်ထုခိုင်း ခြင်းမှာ မအူပင်မြို့နယ်တွင် လေယာဉ်များ အတက်အဆင်းပြုလုပ်ရန် ကွင်းတည် ဆောက်နေခြင်းကြောင့်ဖြစ်ကြောင်း ပြည်တွင်းမှ ခိုင်မာသည့် သတင်းရပ်ကွက်မှ သိ ရသည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၂)
သီတဂူဆရာတော်ကြီး ထိုင်းနိုင်ငံတွင် လေဘေးအလှူခံနေ
မုန်တိုင်းဘေး ဆိုးဆိုးဝၝးဝၝးခံထားရတဲ့ ဘိုကေလး႓မိဳႚနယ္က ေဆးဝၝးနဲႛ ကူညီရေးကယ်ဆယ်ရေးတွေကို အင်တိုက် အားတိုက် လုပ်ဆောင်နေတဲ့ သီတဂူ ကူညီရေး အဖွဲႚက သီတဂူဆရာတော်ကြီးဟာ အခုအခၝ ထိုင်းနိုင်ငံကိုကြွရောက်္ဘပီး မုန်တိုင်းဘေး ကယ်ဆယ်ရေးတွေ အတွက် ရန်ပုံငွေရှာဖွေ အလှူခံနေတယ်လိုႛ သိရပၝတယ်။ (RFA ၂၀၀၈၊ မေ ၂၂)
ဒုက္ခသည်များ ရိက္ခာပြတ်လပ်မှုအခြေအနေ ဆိုးရွားလာ
ဘိုကလေးမြို့နယ်အတွင်းမှ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာပြတ်လပ်မှု အခြေအ နေမှာ ဆိုးရွားလာလျှက်ရှိသည်။ နိုင်ငံတကာအကူအညီများ မရရှိသည့် လေဘေး ဒုက္ခသည်များမှာ အလွန်းများပြားမှုကြောင့် အလှူရှင်များပေးဝေသည့် ရိက္ခာမှာ လုံ လောက်မှုမရှိတော့ကြောင်း ကိုယ်တိုင် ရိက္ခာပေးဝေနေသည့် (HRDP) အဖွဲ့ဝင်တ ဦးက ပြောသည်။ (ရိုးမ ၃၊ ၂၀၀၈ မေ ၂၂)
တောင်ဒဂုံတွင် လူထုနဲ့အာဏာပိုင် ရုန်းရင်းဆန်ခတ်ဖြစ် ရာအိမ်မှူးအိမ်ကို လူထုက ဖြိုဖျက်ခဲ့
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ဒုက္ခသည်များအတွက် ပစ္စည်းများအား ပေးဝေခြင်း မပြုဘဲ ကိုယ်ကျိုးအတွက်သုံးစွဲသည့် အာဏာပိုင်များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရပ်ကွက်လူထုက ရာအိမ်မှူးအိမ်အား ဖြိုဖျက်ခဲ့သည်။ (ရိုးမ ၃၊ ၂၀၀၈ မေ ၂၂)
more news>>
|