၂၀၀၈၊ မေ ၂၇။
မုန်တိုင်းဒုက္ခသည် (၂) သန်းခွဲတွင် လူ (၁) သန်းသာ ကယ်ဆယ်ရေး အကူအညီရ

မုန်တိုင်းကြောင့် ရန်ကုန်တိုင်း မြို့နယ်များအပါအ၀င် မြို့နယ် (၄၀) ရှိ လူပေါင်း (၂.၄) သန်း ဒုက္ခရောက်ခဲ့သော်လည်း မေ (၂၃) အထိ ကယ်ဆယ်ရေး အကူအညီ တစုံတရာ ရသူပေါင်း (၄၂) ရာနှုန်းသာရှိသေးသည်ဟု UNOCHA အစီရင်ခံစာတွင် ဖော်ပြသည်။ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံရသည့် (၁၅) မြို့နယ်ရှိ ဒုက္ခသည် (၂) သန်းအနက် ကယ်ဆယ်ရေး အကူအညီ တစုံတရာ ရသူပေါင်း (၂၃) ရာနှုန်းသာရှိသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဆက်လက် ဖော်ပြသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ မေ ၂၆)

ရန်ကုန် အခြေစိုက် နိုင်ငံတကာ ၀န်ထမ်းတွေ မုန်တိုင်းဒေသ သွားခွင့်ရ

ကုလသမဂ္ဂ ကလေးများအရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ နိုင်ငံတကာဝန်ထမ်း ၆ ဦးကို မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဒေသတွေမှာ တိုင်းတာ စစ်ဆေးမှုတွေလုပ်ဆောင်ဖို့ မြန်မာ အာဏာပိုင်တွေက ခွင့်ပြုလိုက်ပါတယ်။ ဒါဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီ-မွန်း (Ban Ki-moon) မြန်မာပြည်က ပြန်လာပြီး နောက်ပိုင်းမှာ ဖြစ်ထွန်းတိုးတက်မှု

အသစ်တခုလို့ ဆိုရမှာပါ။ ဒါပေမယ့် ဘန်ကောက်မြို့မှာ စောင့်ဆိုင်းနေဆဲရှိတဲ့ အမေရိကန် အကူ အညီပေးရေးအဖွဲ့တခုဖြစ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်မှုအေဂျင်စီ (USAID) ရဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ထောက်ပံ့ကူညီရေး (DART) အဖွဲ့ကတော့ ပြည်ဝင်ခွင့်ဗီဇာရဖို့ ကြိုးစားနေကြဆဲ ရှိပါသေးတယ်။ (VOA ၂၀၀၈၊ မေ ၂၆)

ဘိုကလေး၊ ဖျာပုံ လေဘေးဒုက္ခသည်များအား မအူပင်မှ ပြန်ပို့

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ဘိုကလေးနှင့် ဖျာပုံမြို့နယ်တို့မှ ဒုက္ခသည်များကို နအဖစစ်အစိုးရက မအူပင် လေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေး ခဲ့ပြီးနောက် ယခုလ (၂၄-၂၅) ရက်တို့တွင် အဆိုပါဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့နေကြောင်း သိရသည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၆)

လေဘေးဒုက္ခသည်များကို ကူညီတဲ့ ကား ၇ဝ ကျော် ဖမ်းဆီးခံရ

ဧရာဝတီတိုင်းအတွင်း လေဘေး ဒုက္ခသည်များကို ကူညီပြီး ပြန်လာသည့် အလှူရှင်များ၏ ကားစီးရေ ၇ဝ ကျော်ကို ယမန်နေ့က ရန်ကုန်သို့ ပြန်အဝင်တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။ ရန်ကုန်သို့ ပြန်ဝင်လာသည့် ကားများကို ရဲမှူးကြီး လူလူဝင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လှိုင်သာယာမြို့ ပန်းလှိုင် တံတားအနီးတွင် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ တညလုံး ဖမ်းဆီးနေခဲ့ခြင်း ဖြစ်သည်။ (မဇ္ဈိမသတင်းဌာန၊ ၂၀၀၈၊ မေ ၂၆)

ကလေးများနှင့်ပတ်သက်သည့် သတင်းထောက်ကျင့်ဝတ် ယူနီဆက်ထုတ်ပြန်

မုန်တိုင်းဒဏ်သင့် ကလေးသူငယ်များကို ဓာတ်ပုံရိုက်ခြင်း၊ တွေ့ဆုံမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ဆိုင်ရာ ကျင့်ဝတ်လမ်းညွှန်ချက်များကို ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (ယူနီဆက်) မှ ထုတ်ပြန်ထားသည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၆)

ပြင်သစ်ရေတပ်သင်္ဘေမှ ကယ်ဆယ်ရေးပစ္စည်းတွေ ထိုင်းနိုင်ငံကို လွှဲပြောင်းပေးမယ်

မြန်မာနိုင်ငံက မုန်တိုင်းဘေးသင့်သူတွေအတွက် ကယ်ဆယ်ထောက်ပံႛရေး ပစ္စည်းတွေ တင်ဆောင်လ္ဘာပီး မြန်မာ့ရေပိုင်နက်အနီးမှာ စောင့်ဆိုင်းနေတဲ့ ပြင်သစ်ရေတပ်သင်္ဘောကို မြန်မာနိုင်ငံအတွင်း ဝင်ခွင့်မပေးတဲ့အတွက် ထိုင်းနိုင်ငံဖက်ကို လွှပြောင်းပေးမယ်လိုႛ သိရပၝတယ်။ (RFA ၂၀၀၈၊ မေ ၂၆)


more news>>

Copyright©2007 Emergency Burma Relief