၂၀၀၈၊ မေ ၂၈။
လေဘေးဒုက္ခသည်များကို အတင်းအကျပ် နေရပ် ပြန်ပို့နေမှု ကုလသမဂ္ဂ စိုးရိမ်
မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထုကို မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ သူတို့ မူရင်းဒေသတွေဆီ အတင်းအကျပ် ပြန်ပို့တာမျိုးဟာ လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ (VOA ၂၀၀၈၊ မေ ၂၇)
နာဂစ်မုန်တိုင်းနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်း။
-ဆိုးဆိုးရွားရွား လေဘေးသင့် (၁၁) မြို့နယ်တွင် ရွာ (၃,၅၀၀) အနက် (၁,၄၀၀) ပျက်စီး
- အဆိုပါ (၁၁) မြို့နယ်တွင် အိုးမဲ့အိမ်မဲ့ အရေအတွက်မှာ စုစုပေါင်း လေဘေးသင့် ဦးရေ(၃၅)ရာနှုန်းရှိ
- အဆိုပါ အိုးမဲ့အိမ်မဲ့များ (၈၀) ရာနှုန်းမှာ ဆွေမျိုးများနှင့်အတူနေရ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၈)
ထိုင်းဆေးအဖွဲ့က မြန်မာလူနာ (၂,၅၀၀) ကျော်ကို တပတ်အတွင်း ဆေးကုသပေးနိုင်
မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရသူများကို ဆေးဝါးကုသမှု အကူအညီများပေးရန် သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံမှ ထိုင်းဘုရင်ဆေးတပ်ဖွဲ့က တပတ်အတွင်း မြန်မာလူနာ (၂,၅၀၀) ကျော်ကို ဆေးကုသပေးနိုင်ခဲ့သည်။
လူနာ (၆၆) ရာခိုင်နှုန်းမှာ အပေါ်ယံ ထိခိုက်ဒဏ်ရာများနှင့် ရာသီဥတု ဆိုးဝါးမှုကြောင့် ပြင်းထန် သည့် အအေးမိဝေဒနာ ခံစားနေကြရပြီး (၁) ရာခိုင်နှုန်းမှာ အဆုတ်ရောင်ရောဂါ၊ (၁၀) ရာခိုင် နှုန်းမှာ အစာအိမ်ရောဂါနှင့် (၇) ရာခိုင်နှုန်းမှာ ၀မ်းပျက်ဝမ်းလျှောရောဂါတို့ ခံစားနေကြရကြောင်း သိရသည်။ ရေကြောင့် ဖြစ်ပွားတတ်သည့် ငှက်ဖျားရောဂါကိုမူ ယခုအချိန်အထိ မတွေ့ရှိရသေးဟု ဆိုသည်။(ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၇)
လေဘေးသင့် ဒေသသို့ ခရီးသွားလာခွင့် ကက (ကြည်း) ထိန်းချုပ်
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများ လေဘေးသင့်ဒေသများသို့ သွားလာမည်ဆိုပါက ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သို့ အကြောင်းကြားကာ ခရီးသွားလာခွင့် တင်ပြ၍ ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးကိုယ်စား အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ရန်နိုင်က ထုတ်ပြန်ကြေညာထားသည်။ (ဧရာဝတီ၊ ၂၀၀၈ မေ ၂၇)
ဆန်ပြဿနာ ရင်ဆိုင်ရမည်ဟု ပဲခူးအမတ် သတိပေး
နာဂစ်မုန်တိုင်းဒဏ်ကြောင့်တောင်သူ လယ်သမားများ၏ လယ်ယာအများအပြား ပျက်စီးဆုံးရှုံးသည့် ဒုက္ခနှင့် ကြုံတွေ့ရကာ လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဆန်ပြဿနာနှင့် ရင်ဆိုင်နိုင်ရကြောင်းကို ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှက ပြောသည်။ (ဧရာဝတီ ၂၀၀၈၊ မေ ၂၇)
more news>>
|