၂၀၀၈၊ မေ ၃၀။
မြို့ပေါ်ဒုက္ခသည်စခန်းများကို ပိတ်လိုက်ပြီး နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များကို နယ်သို့သွားခွင့်မပြု

စစ်အစိုးရအာဏာပိုင်များက ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများအားလုံးကို ပိတ်ပစ်လိုက်ပြီး နိုင်ငံခြား ကယ်ဆယ်ရေးအဖွဲ့များကို သွားရောက်ခွင့်မပြုသည့်အတွက် ဒုက္ခသည်ပြည်သူများ အခက်အခဲ ကြုံနေရသည်။ (Yoma 3၊ ၂၀၀၈ မေ ၂၉)

ဗီဇာတောင်းဆိုမှုများကို မြန်မာစစ်အစိုးရခွင့်ပြု

မြန်မာစစ်အစိုးရက ကုလသမဂ္ဂ ကယ်ဆယ်ရေးလုပ်သားများ အားလုံးနှင့် နိုင်ငံတကာ ကယ်ဆယ် ရေးလုပ်သား အတော်များများကို ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးနေသည်ဟု ဧဂျင်စီသတင်းများ တွင် ဖော်ပြသည်။ အခြားအဖွဲ့အစည်းများမှ ကယ်ဆယ်ရေး လုပ်သားများသည်လည်း မုန်တိုင်းထိခိုက်မှု အများဆုံး ခံရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ပိုမိုဝင်ခွင့်ရနေပြီဖြစ်သည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၉)

လွတ်လပ်စွာ အကူအညီပေးရေး စစ်အစိုးရ သတင်းစာများက ဆန့်ကျင်ဝေဖန်

မြန်မာနိုင်ငံရှိ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များအား လွတ်လပ်စွာအကူအညီပေးရေးနှင့်ပတ်သက်ပြီး ပြည်တွင်း ပြည်ပ အကူအညီများနှင့် ဒုက္ခသည်များအပေါ် ဝေဖန်ရေးသားထားသည်များကို ယနေ့ထုတ် စစ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ (ဧရာဝတီ၊ ၂၀၀၈ မေ ၂၉)

မန္တလေးလူရွှင်တော်များ၏ မုန်တိုင်းရန်ပုံငွေပွဲ အတားခံရ

မန္တလေးမြို့ရှိ လူရွှင်တော်များ၏ မုန်တိုင်းရန်ပုံငွေ ဖျော်ဖြေပွဲကို ယနေ့ပြုလုပ်ရန်စီစဉ်ထားရာ သဘင်အစည်းအရုံးက အကြောင်းပြချက်မပေးဘဲ ဇွန်လ ၄ ရက်နေ့သို့ ပြောင်းရွှေ့ခိုင်းသည်ဟု မန္တလေးရှိ အနုပညာအသိုင်းအ၀န်းက ဧရာဝတီကို ပြောသည်။
အလှူခံထွက်မည့် လူရွှင်တော်များတွင် နှုတ်ခမ်းမွေးညီနောင်များဖြစ်ကြသည့် ဦးပါပါလေး၊ ဦးလူဇော်၊ ဦးလူမော်တို့ အပါအ၀င် မန္တလေးလူရွှင်တော်ကြီး များဖြစ်ကြသည့် ဦးဒီပါ၊ ဦးချစ်စရာ စသူတို့လည်း ပါဝင်ကြောင်း သိရသည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၂၉)

လယ်သမား ဒုက္ခသည်များ လယ်ထဲပြန်ဝင်ရေး အခက်တွေ့

လယ်ထွန်ရမည့်အချိန် ရောက်ပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ်ထိ ဧရာဝတီတိုင်းမှ လေဘေး ဒုက္ခသည်များမှာ စားဝတ်နေရေးကိုသာ ဦးစားပေး မျှော်လင့်နေရပြီး လယ်ထဲဆင်း ထွန်ရေးဝင်ဖို့ရန် အခက်အခဲများ ကြုံတွေ့နေသည်။
နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ဘိုကလေး၊ ဟိုင်းကြီးကျွန်း၊ ဒေးဒရဲ၊ လပွတ္တာမြို့တို့မှ လေဘေး ဒုက္ခသည်များမှာ နေရေးထိုင်ရေးနှင့် စားရေးတို့အတွက် အလှူရှင်များကိုသာ စောင့်မျှော် နေကြရသလို သူတို့၏ လယ်မြေများ ရေလွှမ်းကုန်ခြင်း၊ ကျွဲနွားများ သေကြေပျက်စီးခြင်း၊ မျိုးစပါး ပျက်စီးခြင်းတို့ကြောင့် လယ်ထွန် စပါးစိုက်ရန်အတွက်ပင် မစဉ်းစားနိုင်ကြသေးခြင်း ဖြစ်သည်။ (မဇ္ဈိမသတင်းဌာန ၂၀၀၈၊ မေ ၂၉။)

သည်မဵားအသက် အခဵိန်နှင့်စက်္ဘပီး အရေးကြီး

မြန်မာသံ႟ုံးတွေကနေ နိုင်ငံခြားသား ကယ်ဆယ်ရေးဝန်ထမ်းတွေကို ဗီဇာတွေထုတ်ပေးနေပေမဲ့ ပြည်တွင်းမှာတော့ ဒီဝန်ထမ်းတွေဟာ ဆိုင်ကလုံးမုန်တိုင်း အပြင်းအထန်ခံရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေၞဒေသကို အရောက်သွားဖိုႛ အာဏာပိုင်တွေရဲ့ ကန်ႛသတ်မှုတွေ ရှိနေသေးတဲ့အကြောင်း ကုလသမဂ္ဂအရာရှိတဦးက အဂၤၝေနႛက ပြောလိုက်ပၝတယ်။ (RFA ၂၀၀၈၊ မေ ၂၉)

မုန်တိုင်းဒုက္ခသည်များအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲမည်

မြန်မာနိုင်ငံမှာ ဆိုင်ကလုံးလေမုန်တိုင်းဒဏ်ခံလိုက်ရတဲ့ ဒေသများအတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နဲ့ လုပ်ကိုင်မယ့်အေဂျင်စီများက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်း ၅၀% လောက် ပျက်စီးသွား လို့ အဲဒီငွေများနဲ့ လာမယ့် ၆ လမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမယ်လို့ WHO က ကြာသပတေးနေ့မှာ ကြေညာပါတယ်။
လေဘေးဒုက္ခသည် ၂,၄၀၀,၀၀၀ လောက်ဟာ သောက်ရေ၊ အစားအစာနဲ့ ဆေးဝါးများ မရကြသေးလို့ ကူးစက်ရောဂါများ ဖြစ်ပေါ်မလာရေးကိုလည်း ကြိုးပမ်းသွားမယ်လို့ WHO ကဆိုပြီး လုပ်ငန်းတခုလုံးအတွက် ဒေါ်လာ ၂၈ သန်း လိုအပ်လိမ့်မယ်လို့ တာဝန်ခံများက ထုတ်ဖော်ပြောဆိုပါတယ်။(VOA ၂၀၀၈၊ မေ ၃၀)


more news>>

Copyright©2007 Emergency Burma Relief