၂၀၀၈၊ ဇွန် ၃။
လေဘေးဒုက္ခသည်များအတွက် ရန်ပုံငွေ ပိုမိုလိုအပ် အစားအစာ ပြတ်လပ်နိုင်ဟု ကုလပြောကြား
မြန်မာနိုင်ငံရှိ ဆိုင်ကလုန်း လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာမှ လော လောဆယ် ကူညီထည့်ဝင်ငွေများအရ အစားအစာ ထောက်ပံ့ရေး ရန်ပုံငွေ လို ငွေပြနေပြီး အလှူငွေမရရှိပါက လာမည့် ဇူလိုင်တွင် အစားအစာ ပြတ်လပ်သွား လိမ့်မည်ဟု ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ) အမှုဆောင်ညွှန် ကြားရေးမှူး ဂျိုးဆက်ရှီရန်းက ပြောသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၂)
နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များကို ဆက်သွယ်ရေးပစ္စည်း သွင်းခွင့်မပေး
မြန်မာမုန်တိုင်းဒုက္ခသည်များကူညီရန် မြန်မာနိုင်ငံရောက်ရှိနေသည့် နိုင်ငံတကာ အဖွဲ့များအား ဆက်သွယ်ရေးပစ္စည်းများ မသွင်းရဟု စစ်အစိုးရက တဘက်က တားမြစ်ထားပြီး တဘက်ကလည်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ CDMA ဖုန်းများ ကိုသာ ရောင်းချပေးနေသည်ဟု စုံစမ်းသိရသည်။ CDMA တယ်လီဖုန်းနှင့် SIM ကတ်တစုံလျှင် ဒေါ်လာ (၁၅၀) နှုန်းဖြင့် နိုင်ငံတကာအေဂျင်စီတခုကို အများဆုံး CDMA ဖုန်း (၁၀) လုံးထိသာ ဒေါ်လာ (၁,၅၀၀) ဖြင့် ၀ယ်ခွင့်ပေးသည်။ (ခေတ်ပြိုင် ၂၀၀၈၊ ဇွန် ၂)
မြန်မာစစ်အစိုးရ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ဖြေရှင်းရသည့် အခြေအနေရောက် နိုင်
မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီများကို နှောင့် နှေးကြန့်ကြာအောင် ဆက်လုပ်နေမည်ဆိုပါက နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ ဖြေ ရှင်းရသည့် အခြေအနေ ဆိုက်သွားနိုင်သည်ဟု ဗြိတိသျှ အတိုက်အခံ ကွန်ဆာ ဗေးတစ်ပါတီခေါင်းဆောင် David Cameron က သတိပေးလိုက်သည်။ (ခေတ် ပြိုင် ၂၀၀၈၊ ဇွန် ၂)
ကူညီရေးအတွက် မြန်မာစစ်အစိုးရ၏ အဟန့်အတားများကို ကုလထိပ်တန်း အ ရာရှိ ပြစ်တင်ဝေဖန်
မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒုက္ခသည်တွေအတွက် ကမ်းလှမ်းတဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို ကန့်သတ်ပိတ်ပင်နေတဲ့ မြန်မာစစ် အစိုးရကို ကု လသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လူးဝီ(စ်) အာဘော်က ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ပါတယ်။ (VOA, ၂၀၀၈၊ ဇွန် ၃)
အကန့် အသတ်များက ကယ်ဆယ်ရေးတွင် အဟန့် အတားဖြစ်နေ
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ဝေးလံသော ဒေသများသို့ အကူအညီ ပစ္စည်း များ သယ်ပို့ပေးရေးအတွက် သူတို့၏ ရဟတ်ယာဉ် တစီးကို အသုံးပြုခွင့်ရရန် မြန် မာအစိုးရထံမှ ခွင့်ပြုချက် မရသေးဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ပြော ကြားလိုက်သည်။(မဇ္ဈိမ ၂၀၀၈၊ ဇွန်၂)
ကွမ်းခြံကုန်းရှိ ကျေးရွာအများစုမှ ကလေးများ ကျောင်းဖွင့်သော်လည်း မတက် ရောက်နိုင်သေး
မြန်မာနိုင်ငံရှိ ကျောင်းများ ယနေ့တွင် စတင်ဖွင့်လှစ်နေသော်လည်း ရန်ကုန်တိုင်း အတွင်း ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာအများစုတွင် ကလေးများ ကျောင်းတက် ရောက်နိုင်ခြင်း မရှိသေးပေ။(မဇ္ဈိမ ၂၀၀၈၊ ဇွန်၂)
more news>>
|