၂၀၀၈၊ ဇွန် ၅ ရက်။
နိုင်ငံကျော် လူရွှင်တော် ဇာဂနာ အဖမ်းခံရပြန်ပြီ
မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကယ်ဆယ်ကူညီရေးများ လုပ်ဆောင်ပေးနေသည့် နိုင်ငံကျော် လူရွှင် တော် ဇာဂနာကို ဇွန်လ(၄)ရက်နေ့ညက ဖမ်းဆီး သွားပြီး မည်သည့်အတွက်ကြောင့် ယခုလို ဖမ်းဆီးရ ခြင်းကို မိသားစုအား ပြောမသွားကြပေ။ (ဗီအိုအေ၊ ၂၀၀၈၊ ဇွန် ၅)
ရေစိုစပါး ထောင်းပြီး စားနေရဆဲ
မုန်တိုင်းဒဏ်သင့်ခဲ့ပြီး (၁) လ ကျော်လာသည့်တိုင် နေစရာ အမိုးအကာ လုံခြုံသည့် အိမ်မရှိ သေးဘဲ ရေစိုပြီး ပျက်စီးနေသော မည်းညစ်နေသည့် စပါးများကို နေလှမ်းပြီး ကြိတ်ခွဲ၊ ထောင်း စားနေရကြောင်း ဖျာပုံ၊ ဘိုကလေး ကားလမ်းနံဘေးမှ ဒုက္ခသည်များက ပြောသည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၄)
ဗြိတိန်က မုန်တိုင်းဒုက္ခသည်များအတွက် ဒေါ်လာ (၂၁) သန်း ထပ်ကူမည်ဟု ကတိပြု
မြန်မာနိုင်ငံမှ မုန်တိုင်းဒုက္ခသည်များအတွက် ဗြိတိန်နိုင်ငံက ဒေါ်လာ (၂၀.၆) သန်းနှင့် ညီမျှသည့် ပေါင်စ တာလင် (၁၀.၅) သန်းကို နောက်ထပ် ကူညီမည်ဟု ယမန်နေ့က ကတိပြုလိုက်ပြီး ဗြိတိန်နိုင်ငံမှ မြန်မာ နိုင်ငံသို့ ကူညီသည့်ငွေ စုစုပေါင်းမှာ ပေါင် (၂၇) သန်းကျော်ရှိပြီ်ဖြစ်သည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၄)
အမေရိကန်စစ်သင်္ဘောများ မြန်မာ့ရေပိုင်နက်အနီးမှ ပြန်လည်ထွက်ခွာမည်
မြန်မာပြည်သူများအတွက် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ရန် အမေရိကန် စစ် သင်္ဘော၊ ရဟတ်ယာဉ်နှင့် လေယာဉ်များကို ၀င်ခွင့်ပေးရန် လွန်ခဲ့သည့် သီတင်း (၃) ပတ်ကျော် အတွင်း မြန်မာအစိုးရထံ (၁၅) ကြိမ်ခန့် တောင်းခံခဲ့သော်လည်း အကြိမ်တိုင်း ငြင်းဆန်ခံခဲ့ရသဖြင့် အမေရိကန် စစ်သင်္ဘောများ မြန်မာနိုင်ငံ ရေပိုင်နက်အနီးမှ ပြန်လည်ထွက်ခွာမည်ဟု အမေရိကန်ရေတပ် ဗိုလ်ချုပ် ကြီးက ယနေ့ပြောသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၄)
လေဘေးဒုက္ခသည် ၁ဝဝ ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ခိုလှုံရောက်ရှိနေ
မုန်တိုင်းဒဏ် ခံရပြီးနောက် အိုးအိမ်စွန့်ခွာပြီး ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့သို့ ထွက်ခွာလာသူ ဧရာဝတီတိုင်းမှ ဒုက္ခသည် စုစုပေါင်း ၁ဝဝ ကျော် ရှိသွားပြီဟု နယ်စပ်အခြေစိုက် အရေးပေါ် ကူညီရေး အဖွဲ့ (မြန်မာနိုင်ငံ) Emergency Assistance Team – Burma (EATB) လေဘေးဒုက္ခသည် အကူအ ညီပေးရေး အဖွဲ့ကပြောသည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၄)
အေဒီဘီ၊ ကမ္ဘာ့ဘဏ်တို့ အာဆီယံ၏ ကယ်ဆယ်ရေးတွင် ပူးပေါင်းမည်
မြန်မာစစ်အစိုးရကို နှစ် ၂ဝ နီးပါး ငွေချေးငှါးခြင်း မပြုဘဲ ရပ်ဆိုင်းထားခဲ့သည့် ကမ္ဘာ့ငွေကြေးအဖွဲ့ကြီး ၂ ဖွဲ့ဖြစ်သော အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ကမ္ဘာ့ဘဏ် (WB) တို့က မုန်တိုင်းဒဏ်ခံ မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် လိုအပ်ချက်များ လေ့လာ အကဲဖြတ် လုပ်ငန်းကို အကူအညီများ ပေးအပ်သွားမည်ဟု ပြောကြားလိုက်သည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၄)
မုန်တိုင်းဒုက္ခသည် ထက်ဝက် နီးပါး အကူအညီမရသေးဟု ကုလသမဂ္ဂပြော
ပြီးခဲ့သည့်လ အစောပိုင်းက တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် ဒုက္ခရောက် သူ ၂.၄ သန်းတွင် တ၀က်ခန် ကသာ အကူအညီ အထောက် အပံ့များ ရသေးသည်ဟု ကုလသမဂ္ဂက ပြောပါသည်။ (ဗွီအိုအေ ၂၀၀၈၊ ဇွန် ၄)
မုန်တိုင်းဒုက္ခသည် (၁) သန်းကျော် အကူအညီရရှိဟု ကုလသမဂ္ဂပြော
မြန်မာနိုင်ငံရှိ နာဂစ်ဆိုင်ကလုန်းဒုက္ခသည် (၁.၃) သန်းကျော်သည် အကူအညီ အထောက်အပံ့များ ရရှိ ခဲ့ကြောင်း၊ ထို့အပြင် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး အကူအညီများ ရောက်ရှိသည့် ရာခိုင်နှုန်းမှာ (၂၃) ရာနှုန်းမှ (၄၉) ရာနှုန်းအထိ တိုးတက်လာကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးမှ အဲလိဇဘက် ဘိုင်ယာစ်က ယမန်နေ့၌ ဂျနီဗာတွင် ပြောကြား ခဲ့သည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၄)
ကယ်ဆယ်ရေးပစ္စည်းများ လဲလှယ်မှု ကျယ်ပြန့်စွာဖြစ်ပေါ်နေ
မုန်တိုင်းဒဏ်သင့်ဒေသများတွင် နိုင်ငံတကာ အကူအညီများနှင့် ပြည်တွင်းအကူအညီများ ဖြန့်ဝေရာ၌ သက်ဆိုင်ရာ အာဏာပိုင်တို့က ပစ္စည်းအကောင်းနှင့် အညံ့များလဲလှယ်ခြင်း၊ နအဖ လူကြီးများလာစဉ် ဒုက္ခသည်များအား ပေးသည့် အကူအညီပစ္စည်းများကို ပြန်လည်သိမ်းယူခြင်းတို့ ကျယ်ပြန့်စွာ ဖြစ်ပွား လျက်ရှိသည်။ (ဧရာဝတီ၊ ၂၀၀၈၊ ဇွန် ၄)
နှင်ထုတ်ခံရသော ဒုက္ခသည်များ မြို့ပေါ်သို့ ပြန်တက်လာ
နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီး တလ ပြည့်မြောက်သည့်အချိန်တွင် လပွတ္တာမြို့ပေါ်ရှိ ဒုက္ခ သည် စခန်းများမှ ပြန်ပို့ခံရသော ဒုက္ခသည် ၁၀၀၀ ကျော် ၂၀၀၀ ခန့်သည် အစားအစာနှင့် သောက် သုံးရေ အခက်ခဲများကြောင့် လပွတ္တာမြို့ပေါ်ရှိ ဒုက္ခသည် စခန်း တခုဖြစ်သော စတုဘုမ္မိက လေးထပ် ကျောင်းသို့ တနင်္ဂနွေနေ့က ပြန်လည်ရောက်ရှိလာကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန် အယ်လ်ဒီ) မုန်တိုင်းဒဏ် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဦးအုန်း ကြိုင်က ပြောသည်။ (ဧရာဝတီ၊ ၂၀၀၈၊ ဇွန် ၄)
more news>>
|