၂၀၀၈၊ ဇွန် ၆။
လေဘေးဒုက္ခသည် ကလေးသူငယ်မဵား စစ်သားစုဆောင်းခံရ

မုန်တိုင်းဘေးကြောင့် မိသားစုပဵက်စီး္ဘပီး ဒုက္ခသည်ဖြစ်နေရသည့် ဧရာဝတီတိုင်းရှိ အစောင့်အရှောက်မဲ့ နေသည့် ကလေးသူငယ်များအနေဖြင့် အခွင့် အရေး ခဵိုးဖောက်ခံရခြင်းနှင့် ရင်ဆိုင်ရနိုင်္ဘပီး စစ်သားအ ဖြစ် စုဆောင်း ခံရခြင်းများရှိနေသည်ဟု ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေး လုပ်ကိုင်နေသည့် စေတနာ ရှင်များက ပြောကြသည်။ (အာအက်ဖအေ၊ ၂၀၀၈၊ ဇွန် ၅)

ေလေဘးဒုကၡသည္မဵားအေပၞ လူႛအခြင့္အေရးခဵိဳးေဖာက္မွု အစီရင္ခံစာ

လေမုန်တိုင်း ဒုက္ခသည်များအား ယာယီ စခန်းများမှ အဓမ္မရွှေ့ ပြောင်းပြစ်ခြင်း၊ သွားလာလှုပ်ရှားမှုများ အပေါ် ထိန်းချုပ်ကန့် သတ်ထားခြင်း၊ လူထုဆန္ဒခံ ယူပွဲအတွက် မဲရုံများအဖြစ် အသုံးပြုနိုင်ရန် ယာယီစ ခန်းများမှ အတင်းရွှေ့ ပစ်ခြင်း၊ ဘုန်းကြီးကျောင်းများမှ အတင်းရွှေ့ ပစ်ခြင်း။ ဘုန်းကြီးကျောင်းများမှ အ တင်းရွှေ့ ပစ်ခြင်း၊ ဒုက္ခသည်များအတွက် အကူအညီပေးသည့် ပစ္စည်းများအား အလွဲသုံးစားပြုလုပ်ခြင်း များအား အသေးစိတ် ဖော်ပြထားသည့် နာဂစ်မုန်တိုင်းအပြီး တလအကြာဆိုသည့် အစီရင်ခံစာအား နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  (AI) မှ ယနေ့ ထုတ်ပြန် သည်။ (အာအက်ဖအေ၊ ၂၀၀၈၊ ဇွန် ၅)

မုန်တိုင်းအပျက်အစီး အကဲဖြတ်ရန် ကျွမ်းကျင်သူ (၂၀၀) အာဆီယံစေလွှတ်
နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ ပျက်စီးဆုံးရှုံးးမှုပမာဏကို စာရင်းပြုစုရန် ကျွမ်းကျင်သူ (၂၀၀) ပါ ၀င်သည့် အာဆီယံ အရေးပေါ် အမြန်အကဲဖြတ် ရေးအဖွဲ့ (ERAT) ကို ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဒေသ သို့ ယနေ့ စတင်စေလွှတ်လိုက်ပြီဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ရုံးက သတင်းထုတ်ပြန် သည်။ (ခေတ်ပြိုင်၊ ၂၀၀၈ ဇွန် ၅)

သုံးပွင့်ဆိုင် ကယ်ဆယ်ရေး စတင်
ဆိုင်ကလုန်း လေဘေး ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်ရန် ဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ကယ် ဆယ်ရေးအဖွဲ့ဝင် ၂ဝဝ သည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ လုပ်ငန်းများကို ယနေ့ စတင် လုပ် ဆောင်တော့မည်။ ရန်ကုန်မြို့တွင် ၂ ရက်ကြာ ဆွေးနွေးပြီးနောက် အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာအ စိုးရတို့ ပူးပေါင်းပါဝင်သော အရေးပေါ်အခြေအနေတွင် အလျင်အမြန် ပြုစုလုပ်ဆောင်ရေး အဖွဲ့မှ ကိုယ် စားလှယ်များသည် မုန်တိုင်းဒဏ် ခံရသော ဒေသများမှ အပျက်အစီး အခြေအနေကို သွားရောက်၍ လေ့လာစုံစမ်းရန် အဆင်သင့် ဖြစ်သွားခြင်းဖြစ်သည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၅)

နောက်ထပ် ကုလ ရဟတ်ယာဉ် ၅ စင်းကို မြန်မာပြည်ထဲ ၀င်ခွင့်ပြုပြီ

ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့၏ ရဟတ်ယာဉ် နောက်ထပ် ၅ စင်းကို ဆိုင်ကလုံးဒဏ်ခံ ဧရာဝ တီ မြစ်ဝကျွန်းပေါ်ဒေသ ကယ်ဆယ် ထောက်ပံ့ ရေး လုပ်ငန်းများတွင် အသုံးပြုရန် မြန်မာ အာဏာပိုင် များက ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ရပ်နား စောင့်ဆိုင်းနေရသော ရဟတ် ယာဉ် ၉ စင်းအနက်မှ ၅ စင်းသည် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပျံသန်းမည် ဖြစ်ကြောင်း စားနပ် ရိက္ခာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အီဒစ် ရှန်ပိန်းက ပြောကြားလိုက်သည်။(မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၅)

ကယ်ဆယ်ရေး ပစ္စည်းများပေးပို့မည့် ရဟတ်ယာဉ်များကို စစ်အာဏာပိုင်များက တားမြစ်ထား

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသမှ နာဂစ်လေဘေးဒုက္ခသည် (၂.၄) သန်းအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့မည့် ဟယ်လီကော်ပတာများကို မြန်မာအာဏာပိုင်များက တားမြစ်ထား လျှက်ရှိ သည်။ ယခုလက်ရှိ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရဟတ်ယာဉ် (၁၀) စီးအပြင် နောက် ထပ် (၉) စီးကို စစ်အစိုးရက ဝင်ရောက်ခွင့်မပြုကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စ်လီက ဘန်ကောက်မြို့တွင် ယမန်နေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။( ရိုးမသတင်း၊ ၂၀၀၈၊ ဇွန် ၅)


Copyright©2007 Emergency Burma Relief