၂၀၀၈၊ ဇွန် ၁၂။
အသက်မသေ ကျန်ခဲ့သူ ကလေးအများ စိတ်ဒဏ်ရာရနေ

မိဘဆွေမျိုးများ သေဆုံး ကုန်ကြသည်ကို တွေ့ပြီးနောက် နာဂစ် ဆိုင်ကလုံး မုန်တိုင်း ဘေးမှ အသက်မသေ လွတ်မြောက်လာခဲ့သူ ကလေးသူငယ် အများအပြားသည် စိတ်ဒဏ်ရာ ရနေကြသည်ဟု ကလေးများအ တွက် လုပ်ဆောင်ပေးနေသော နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုက ပြောကြားလိုက်သည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၂)

နာဂစ်မုန်တိုင်း မှတ်တမ်းတင်စီဒီများ မြ၀တီတွင် သိမ်းဆည်း

ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်အတွင်း တဖက်နယ်စပ်မှ ဝင်ရောက်လာသည့် နာဂစ်မုန်တိုင်း မှတ်တမ်း တင် စီဒီများကို ဒေသခံ အာဏာပိုင်များက လိုက်လံရှာဖွေ သိမ်းဆည်းမှုများ ပြုလုပ် လျက်ရှိသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၁)

ဧရာဝတီတိုင်းမှ လယ်သမားများ မျိုးစပါးမရှိသဖြင့် အခက်အခဲဖြစ်နေ

မုန်တိုင်းကြောင့် ဧရာဝတီတိုင်း စပါးအပျက်နှုန်းကို စစ်အစိုးရဘက်မှ လျော့လျော့ပေါ့ပေါ့ ပြောနေချိန်တွင် ဧရာဝတီတိုင်းမှ လယ်သမားများ မျိုးစပါးမရှိသဖြင့် မိုးစပါး အချိန်မီစိုက်ရန် အခက်အခဲဖြစ်နေသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၁)


Copyright©2007 Emergency Burma Relief