၁၂၊၀၅၊၂၀၀၈
ကွန်းခြံကုန်းမြို့နယ်အတွင်းရှိ ကွန်းခြံကုန်းမြို့နှင့်(၃)မိုင်ဝေးသည့် ကျွန်းချောင်း၊ ခရမ်း၊ တောကြီး၊ တော်ခရမ်း(အရှေ့၊အနောက်) သုံးခွ စသည့် တိုးမြစ်နဘေးရှိရွာများမှ လေမုန်တိုင်းသင့်သူများသည် အပျက်အစီး အစားအသောက် မည်သည့်အကူအညီအထောက်အပံ့မျှမရသေးကြောင်း ယမန်နေ့၌သွားရောက် အကူအညီပေးသည့် ပုဂ္ဂလိကစုပေါင်း စေတနာရှင်အဖွဲ့မှ မျက်မြင်တစ်ဦးကပြောသည်။ (ခေတ်ပြိုင် သတင်း)
၁၂၊၀၅၊၂၀၀၈။
နာဂစ်ဆိုင်ကလုံးမုန်တိုင်းကျလို့ မြန်မာပြည်မှာ သေဆုံးသူ (၂၈၄၅၈) ယောက်ရှိသွားပြီလို့ ကြေညာချိန်မှာပဲ အသက်မသေဘဲရှင်ကျန်သူများအတွက် ICRC နိုင်ငံတကာကြက်ခြေနီအသင်းရဲ့ဆေးဝါးနဲ့ရိက္ခာများ တင်ဆောင်လာတဲ့သင်္ဘောတစ်စင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ နစ်မြုပ်သွားပါသည်။
(ဗွီအိုအေ ရေဒီယိုသတင်းဌာန)
၁၂၊၀၅၊၂၀၀၈။
မေလ(၂)ရက်နေ့ကတိုက်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း(၂၈၄၅၈) သေဆုံးပြီး (၃၃၄၁၆) ပျောက်ဆုံးနေကြောင်းနှင့် (၁၄၀၃) ထိခိုက်ဒဏ်ရာရကြောင်း စစ်အစိုးရကသတင်းထုတ်ပြန်ထားပါသည်။ ကုလသမဂ္ဂက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း(၁)သိန်း(၂)ထောင်နှင့် အိုးမဲ့အိမ်မဲ့ဒုက္ခသည်ပေါင်း (၂)သန်းခန့်ရှိသည်ဟု ပြောဆိုသည်။ (ဧရာဝတီသတင်း)
၁၂၊ ၀၅၊ ၂၀၀၈။
ဆိုင်ကလုန်းမုန်းတိုင်းကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီမယ့်ကုလသမဂ္ဂရဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေကို ထောက်ပံ့ဖို့အတွက် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က မြန်မာပြည်တွင်းရှိ မိမိတို့ရဲ့ဝန်ထမ်းတွေအားလုံးကို လိုက်လံစုစည်းနေတယ်လို့ ဒီကနေ့ မေ ၁၂ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်တွေကို သြစတြေးလျနိုင်ငံက နောက်ထပ်ဒေါ်လာ(၂၂)သန်းထည့်ဝင်မယ်လို့ မေလ (၁)ရက် မနေ့က ကတိပေးလိုက်တဲ့ အတွက် စုစုပေါင်းဒေါ်လာ (၂၃) သန်းကျော်နဲ့ သြစတြေးလျ ဒေါ်လာ (၂၅) သန်း ကူညီထောက်ပံ့မှာဖြစ်ပါတယ်။
(အာအက်ဖ်အေ ရေဒီယိုသတင်းဌာန)
၁၂၊၀၅၊၂၀၀၈။
မြန်မာစစ်အစိုးရကခွင့်ပြုလျှင် မုန်တိုင်းဒုက္ခသည်များအတွ့် အဆင်သင့်ကူညီနိုင်ရန် အမေရိကန်ရေတပ်စစ်သင်္ဘော(၃)စီး မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။ မြန်မာစစ်အစိုးရဘက်ကမူ မြန်မာရေပိုင်နက်အတွင်းသို့ဝင်ခွင့်ပေး မပေးဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ (ခေတ်ပြိုင်သတင်း)
၁၂၊၀၅၊၂၀၀၈။
မြန်မာပြည်မှာနာဂစ်ခံခဲ့ရတာ (၁၀)ရက်ကျော်ပြီဆိုပေမယ့်လည်း အကူအညီမသေးဘဲ ပြည်တွင်းအလှူရှင်တွေကိုအားကိုးတယ်လို့ ဘိုကလေးမြို့ခံက ပြောပါတယ်။ ဘိုကလေးမြိုက ကျေးရွာဒေသတွေက လေဘေးဒုက္ခသည်များအားလုံးကို သင်္ဘော (၄)စင်းနဲ့ ဘိုကလေးကနေ မအူပင်ပို့လိုက်ပြီလို့ပြော ပါတယ်။ စောစောပိုင်းတုန်းကတော့ ဘိုကလေးမြိုနယ် ဓမ္မာရုံနဲ့ အထကကျောင်းထဲမှာ
ဒုက္ခသည်စခန်းဖွင့်ပြီးတော့ ဒုက္ခသည်တွေကို အာဏာပိုင်တွေကထားခဲ့ပါတယ်။ သူတို့က အခုအမိန့်နဲ့နှင်ချနေတာပါ။ ဓမ္မာရုံမှာဒုက္ခသည်တွေထားတယ် အခုဒုက္ခသည်တွေအနေတဲ့ဓမ္မာရုံကိုလည်းပိတ်ပစ်တယ်။ ဒုက္ခသည်တွေကို ဓမ္မာရုံထဲကနှင့်ထုတ်တယ် ဒုက္ခသည်စခန်း အထက(၁)တော့မအူပင်ကိုပို့တယ်။ ဒီနေ့ဆိုသဘောင်္(၄)စင်းနှင့် မအူပင်ကိုအကုန်ပို့တယ်။ မအူပင်ကိုနောက်ဆုံးပို့လိုက်တဲ့ ဒုက္ခသည် (၄၀၀၀) လောက်ရှိတယ်လို့ ဒေသခံကပြောကြား သွားပါတယ်။ (BOA ရေဒီယိသတင်းဌာန)
more news>>>
|