၂၀၀၈၊ ဇွန် ၁၈။
မုန်တိုင်းဒဏ်သင့် မိဘမဲ့ကလေးများကို မွေးစားပိုင်ခွင့်မရှိဟု နအဖ လူမှုဝန်ထမ်းမှ ပြောကြား
ဘုန်းကြီးကျောင်းများ၊ ဒုက္ခသည်စခန်းများနှင့် နေရပ်ရင်းတွင်ရှိနေကြသည့် မုန်တိုင်းဒဏ်သင့် မိဘမဲ့က လေးငယ်များအား မည်သူ့ကိုမှ မွေးစားခွင့် ပေးမည်မဟုတ်ဘဲ အာဏာပိုင်များက စောင့်ရှောက်သွားမည်ဟု လူမှုဝန်ထမ်းဌာနမှ အရာရှိကြီးတဦးကို ကိုးကားပြီး ယခုအပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြ ထားသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၇)
လေဘေးသင့်ဒုက္ခသည် သုံးပုံတပုံခန့် စိတ်ဝေဒနာခံစားနေရ
နာဂစ်လေမုန်တိုင်းဒဏ်ခံရသည့် ဒုက္ခသည်များ၏ စိတ်နေသဘောထားများ ပုံမှန်အနေအထား မရှိဘဲ သုံးပုံတပုံခန့်မှာ စိတ်ဝေဒနာခံစားနေကြရသဖြင့် ၎င်းတို့အတွက် အစီမံကောင်းများ လိုအပ်ကြောင်း အင်ဒိုနီး ရှားဆေးကုသရေးအဖွဲ့မှ စိတ်ရောဂါအထူးကု ဆရာဝန်တဦးက ပြောသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၇)
သီတဂူဆရာတော် မဲဆောက်တွင် တရားဟောကြားမည်
မန်မာနိုင်ငံမှ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် အရှင်ဉာဏိဿရသည် မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဘေး ကယ်ဆယ် ထောက်ပံ့ရေးအတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အထူးတရား ပွဲ (၂) ရက် ဟောကြားမည်ဖြစ်သည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၇)
မုန်တိုင်းသင့် လပွတ္တာတွင် လေဆင်နှာမောင်း ဝင်တိုက်ပြန်
ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ကျောက်မော်၊ ကျောက်ဖြူ၊ လေးအိမ်တန်း ကျေးရွာနှင့် ဒုက္ခသည် စခန်းတခုတွင် မွှေနှောက် တိုက်ခတ်သွားသောလေဆင်နှာမောင်းကြောင့် အနည်းဆုံး နေအိမ် ၆ လုံးနှင့် ဒုက္ခသည်စခန်းရှိ တဲအချို့ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၇)
ကယ်ဆယ်ရေးပစ္စည်းဝေငှမှု မမှန်ကန်သော်လည်း အရေးမယူ
လေဘေးကယ်ဆယ်ရေး ပစ္စည်းများဝေငှရာတွင် အာဏာပိုင်များအနေဖြင့် မှန်မှန်ကန်ကန် မဆောင်ရွက်ကြသည့်အတွက် သက်ဆိုင်ရာသို့  တိုင်ကြားသော်လည်း အရေးယူဆောက်ရွက်ခြင်းမရှိဟု သိရသည်။ (RFA ၂၀၀၈၊ ဇွန် ၁၇)
ကွဲကွာပျောက်ဆုံး ၃၁ ဦးကို ကြက်ခြေနီက ဆုံစည်းပေး
မုန်တိုင်းဒဏ်သင့် ကွဲကွာ ပျောက်ဆုံးနေသူ မိသားစုဝင် ၃၁ ဦးကို ရှာဖွေ ဆုံစည်း ပေးလိုက်နိုင်ခဲ့ ကြောင်း မြန်မာ့ကြက်ခြေနီ အသင်း ကပြောသည်။ မုန်တိုင်းကျပြီး ရက်သတ္တပတ် ၃ ပတ်ခန့်အကြာတွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် ပူးတွဲကာ မုန်တိုင်းသင့် ဒေသများသို့ ကွင်းဆင်းပြီး စာရင်း ကောက်ခံရာ ယခုအချိန်အထိ ၄ဝ၆ ဦး ရရှိခဲ့သည့်အနက် ၃၁ ဦးကို ယခုလို ရှာဖွေ ဆုံစည်းပေးနိုင်ခြင်း ဖြစ်သည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၈)
မန္တလေး အငြိမ့်သဘင်များက လေဘေးအကူ သိန်း ၉ဝ ကျော် ကောက်ခံရရှိ
မန္တလေး လူရွှင်တော်များနှင့် ဇာတ်သဘင် အနုပညာသည်များက နာဂစ်လေဘေးသင့် ပြည်သူများကို ထောက်ပံ့ရန် အလှူငွေ ကောက်ခံရာ ကျပ် ၉၂ သိန်း ရရှိခဲ့သည်။ နာမည်ကြီး လူရွှင်တော် ဦးပါပါလေး ညီအကိုနှင့် အခြားလူရွှင်တော်များ၊ ဆိုင်းဝိုင်း၊ အငြိမ့်၊ ဘိသိတ်မှ အနုပညာရှင်များက ယခုလအတွင်း ၆ ရက်ခန့် မော်တော်ကား၊ ခြေလျင်တို့ဖြင့် မန္တလေးမြို့ပေါ်နှင့် တိုင်းအတွင်း ဒေသအချို့တွင် ဖျော်ဖြေ တင် ဆက်မှုများ ပြုလုပ်ကာ စေတနာရှင်များ ထံက ကောက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၈)
မုန်တိုင်းသင့် ရုပ်အလောင်း သဂြုင်္ိဟ်ပေးသူများ ဖမ်းဆီးခံရ
မုန်တိုင်းသင့် ရုပ်အလောင်းများကို လိုက်လံမြှုပ်နှံပေးသူ “မြန်မာထရီဗျုး” ဂျာနယ် အယ်ဒီတာချုပ် ဦး အောင်ကျော်ဆန်းနှင့် အဖွဲ့ဝင် ၆ ဦးထက်မနည်းကို အာဏာပိုင်များက ယခုလ ၁၄ ရက်နေ့တွင် ဖမ်း ဆီးလိုက်သည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၈)