၂၀၀၈၊ မေလ ၁၅ ရက်
မြန်မာလေဘေး ဒုက္ခသည်များအတွက် ပေးပို့ထားသည့် နိုင်ငံခြားအကူအညီများဟု ယူဆရသည့် နိုင်ငံခြားထုတ် ဘီစကွတ်မုန့်များ၊ အသားခြောက်၊ ခေါက်ဆွဲခြောက် ထုပ်များနှင့် မိုးကာ၊ တာလပတ်များကို ရန်ကုန်မြို့ရှိ ညောင်ပင်လေးဈေး၊ မင်္ဂလာဈေး၊ ဘိုကလေးဈေး၊ သိမ်ကြီးဈေးနှင့် အခြားဈေးအချို့တွင် ရောင်းချနေသည်ကို မြို့ခံများ က တွေ့မြင်နေရသည်ဟု သိရသည်။ (မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ မေလ 15 2008 )
၂၀၀၈၊ မေ ၁၄။
မြန်မာမုန်တိုင်းဒုက္ခသည်များကို ကူညီလိုသူ အမေရိကန်နိုင်ငံသား၊ ဗြိတိန်နိုင်ငံသား၊ ဂျပန်နိုင်ငံသား စသည်တို့ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးရန် သက်ဆိုင်ရာ နိုင်ငံခြား မြန်မာသံရုံးများကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့သည့် သီတင်း ပတ်ကစပြီး နှုတ်မိန့်ဖြင့် ညွှန်ကြားထားသည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။ (ခေတ်ပြိုင် အင်တာနက်၊ ၂၀၀၈ မေ ၁၄)
မြန်မာနိုင်ငံ မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးကိစ္စအတွက် နည်းလမ်းမျိုးစုံ စဉ်းစားရာတွင် နိုင်ငံတကာ အသိုင်းအ၀န်းက စစ်အင်အားဖြင့် မြန်မာနိုင်ငံတွင်း ၀င်ရောက်ကူညီရေး နည်းလမ်း သည် ပယ်ချ၍မရသကဲ့သို့ ဥပဒေကြောင်းအရ ကျားကန်ပေးရန်လည်း လိုသည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောသည်။ (ခေတ်ပြိုင် အင်တာနက်၊ ၂၀၀၈၊ မေ ၁၄)
more news>>
|