၂၀၀၈ မေ ၁၆ ရက်
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ အများစု၏ (၉၀) ရာနှုန်းကျော်သည် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများဖြစ် သည်ဟု CARE ကယ်ဆယ်ရေးအဖွဲ့က ယနေ့ထုတ်ဖော်ပြောသည်။ (ခေတ်ပြိုင်အင် တာနက်၊ ၂၀၀၈ မေ ၁၆ ရက်)
မြန်မာကမ်းခြေနှင့် မိုင် (၆၀) ကျော် ကပ္ပလီပင်လယ်ပြင်တွင် USS Essex, USS Juneau နှင့် USS Harpers အမေရိကန် ရေတပ်သင်္ဘော (၃) စီးရောက်နေပြီး ဧရာဝတီတိုင်း ဒုက္ခသည်များအား ကူညီရန်အသင့် ရှိနေသည်။ မြန်မာစစ်အစိုးရဘက်မှ မီးစိမ်းပြသည်နှင့် ဧရာဝတီတိုင်းသို့ တိုက်ရိုက်မောင်းတက်နိုင်မည့် ကမ်းတက်ရေယာဉ်များ၊ ခေတ်မီခွဲစိတ်ခန်းများကို နာရီပိုင်းအတွင်း မြန်မာကမ်းခြေရောက်အောင် လုပ်နိုင်သည်ဟု အမေရိကန်စစ်ဖက်အရာရှိများက ပြောသည်။(ခေတ်ပြိုင် အင်တာနက် ၂၀၀၈၊ မေ ၁၆)
ကပ်ဘေးရောက်နေသူများအတွက် နိုင်ငံတကာ အကူညီများကို ကန့်သတ်မှု ဆက်လက် ပြုလုပ် နေမည်ဆိုပါက လာမည့် မေ (၂၃) ရက်တွင် ပြည်သူတရပ်လုံး လမ်းမပေါ်ထွက် ဆန္ဒပြရန် သံဃာများ၏ တိုက်တွန်းချက်ကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) မှ ထောက်ခံလိုက်သည်။ (ခေတ်ပြိုင် အင်တာနက် ၂၀၀၈၊ မေ ၁၆)
စစ်အစိုးရ၏ မြို့ရွာ ပြန်လည်ထူထောင်ရေးအဖွဲ့က ပုဂ္ဂလိက ကုမ္ပဏီ ၄၃ ခု ကို လုပ်ငန်းများ ခွဲဝေချထားပေးရန် လျာထားကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်း မှ သိရှိရသည်။အဆိုပါစီမံကိန်းအတွက် မြို့နယ်အလိုက်လုပ်ငန်းများခွဲဝေရရှိမည့် ကုမ္ပဏီများတွင် စစ်အစိုးရနှင့် နီးစပ်ပြီး အကျိုး စီးပွား များစွာ ဖြစ်ထွန်းနေသော နာမည်ကြီး ဧရာရွှေဝါ၊ ဇေကမ္ဘာ၊ ယုဇန၊ အေးရှားဝေါလ်၊ ထူး၊ ဧဒင်၊ ရွှေသံလွင်၊ မက်စ် မြန်မာနှင့် အက်ဖ် အမ် အိုင် စသည့် ကုမ္ပဏီများ ထိပ်ဆုံးမှ ပါဝင်ကြောင်း နီးစပ်သူများကပြောဆိုသည်။ (ဧရာဝတီ ၂၀၀၈၊ မေ ၁၆ ရက်)
more news>>
|