နာဂစ်ဒဏ်ခံ ပြည်သူများ လူ့ အခွင့်အရေးချိုးဖောက်ခံရမှု မှတ်တမ်း။
မေလ၊ ၂၀၀၈။
၂၀၀၈၊ မေ ၅။
ထိုင်းလေကြောင်းခရီးစဉ်အမှတ် TG-3069 ဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိ လေဆိပ်မှ ရန်ကုန်လေ ဆိပ်သို့ ကမ္ဘာလှည့်ခရီးသည် ဗီဇာဖြင့် ရောက်ရှိလာ သော ဘီဘီစီ သတင်းထောက် ဗြိတိန်နိုင်ငံသား Mr. Andrew William Harding ကို ထိုင်းနိုင်ငံသို့  ပြန်လွှတ်လိုက်သည်။ (The Voice Weekly, Vol.4, No. 29)
ယခုလ ၂ ရက်နေ့ကတိုက်ခတ်သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် အင်းစိန်ထောင်၊ အဆောင် ၁ ခေါင်မိုးလန်သွားရာ အချုပ်သားများက မိုး၊ လေလွတ်ရာသို့ ပြောင်းရွှေ့ပေးရန် အော်ဟစ်တောင်း ဆိုရာမှ ထောင်ဝန်ထမ်း ၁၀၀ ခန့် အဆောင်တွင်းသို့ဝင်ကာ အကြမ်းဖက်ရိုက်နှက်ဖြေရှင်းသဖြင့် အ ချုပ်သားများက အဆောင်ကို မီးရှို့ လိုက်ကြသည်။ အခင်းဖြစ်ပွားနေစဉ် ထောင်အာဏာပိုင်က အ ခြေအနေကိုမထိန်းနိုင်သဖြင့် စစ်တပ်နှင့် လုံထိန်း ရဲများကို ခေါ်ယူနှိမ်နင်းခိုင်းရာ ပစ်ခတ်နှိမ်နင်းမှု ကြောင့် အချုပ်သား ၁၅ ဦးထက်မနည်း သေဆုံးသည်ဟု အင်းစိန်ထောင်ဝန်ထမ်းတဦးကပြောသည်။ အတည်မပြုရသေးသည့် သတင်းများအရ အချုပ်သား ၃၆ ဦး သေဆုံးပြီး ၇၀ ခန့် ထောင် ဆေးရုံတင်ထားရသည်။ ဆေးရုံတက်နေရသူများအနက် ၃၀ ခန့်သည် သေနတ်ဒဏ်ရာ ရထားသူများ ဖြစ်ကြသည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၅)
၂၀၀၈၊ မေ၆။
အင်းစိန်ထောင်တွင် ယခုလ ၃ ရက်နေ့က ဖြစ်ပွားသည့် အဓိကရုဏ်းနှင့်ပတ်သက်ပြီး အာဏာပိုင် တို့၏ ရိုက်နှက်စစ်ဆေးမှုကြောင့် အကျဉ်းသား ၄ ဦးသေဆုံးခဲ့သည်။ အခင်းဖြစ်ပွားစဉ် အာဏာပိုင် တို့က စက်သေနတ်ဖြင့်ပစ်ခတ်သဖြင့် ၃၆ ဦး ပွဲချင်းပြီးသေဆုံးကာ ၇၀ ကျော် ဒဏ်ရာရခဲ့သည်။ အကျဉ်းသား ၉၈ ဦးကိုလည်း အာဏာပိုင် တို့က တိုက်ပိတ်ထားပြီး ၎င်းတို့တွင် နိုင်ငံရေးအကျဉ်း သားများဖြစ်သည့် အန်အယ်လ်ဒီပါတီ လှိုင်မြို့နယ်မှ ကိုထွန်းနှင့် ကိုသန်းဇော်၊ ဒေါပုံမြို့နယ် အတွင်း ရေးမှူး ဦးအုန်းကျော်နှင့် ကိုဉာဏ်လင်း အောင်တို့အပါအ၀င် အမည်မသိသေးသည့် နိုင်ငံရေးအ ကျဉ်းသားတချို့လည်းပါဝင်ကြောင်း အေအေပီပီ က ထုတ်ပြန်ကြေညာသည်။ (AAPP, ၂၀၀၈၊ မေ ၆)
၂၀၀၈၊ မေ၇။
နအဖ က နိုင်ငံတကာမှ အကူအညီသာလာနိုင်ပြီး လူအင်အားခွင့်မပြုကြောင်း ပြောသည်။ (The Voice Weekly, Vol.4, No. 29)
မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့တွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် ၂ ရက်မြောက်သည်အထိ အာဏာပိုင်တို့က လေ ဘေးဒဏ်ခံရသည့် ဒုက္ခသည်များကို လျစ်လျူရှုထားသဖြင့် ရှင်းလင်းမှုများကို ပြည်သူလူထုများ ကိုယ်ထူကိုယ်ထုပြုလုပ်ကြရသည်ဟု ရန်ကုန်ရှိ စာနယ်ဇင်း အသိုင်းအ၀န်းက ဆိုသည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၇)
၂၀၀၈၊ မေ ၉။
ယမန်နေ့က ရန်ကုန် သံလျင်မြို့နယ်ရှိ နာဂစ် ဆိုင်ကလုန်း လေဘေးဒုက္ခသည်များအား ပေးဝေရန် ဆန်များ သယ်ဆောင်သွားသော ကားတစီးကို တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသော စွမ်းအားရှင်အဖွဲ့တဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ရန်ကုန်မြို့ခံတဦးကပြောသည်။ NGO အလုပ် သမားတဦးကလည်း ဒုက္ခသည်များကို ကူညီပေးဝေမည့် ပစ္စည်းများကို မပေးဝေမီ ကြံ့ဖွံ့အဖွဲ့၏ ခွင့်ပြုချက်ယူရသည့်အတွက် ကြန့်ကြာမှုဖြစ်ရ ကြောင်း ပြောသည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၉)
ယမန်နေ့က ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) ၏ ဒုက္ခသည်များအတွက် အလေးချိန် တန် ၃၈ တန်ရှိ အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများ တင်ဆောင်လာသော လေယာဉ်၂ စီးကို နအဖ အာဏာပိုင်များက စစ်ဆေး ၍ ပစ္စည်းများကို သိမ်းယူလိုက်သည်ဟု WFP ပြောခွင့်ရ ပေါလ် ရစ္စလေ ကပြောသည်။(ဧရာဝတီ၊ ၂၀၀၈၊ မေ ၉)
၂၀၀၈၊ မေ ၁၂။
ကွန်းခြံကုန်းမြို့နယ်အတွင်းရှိ ကွန်းခြံကုန်းမြို့နှင့်(၃)မိုင်ဝေးသည့် ကျွန်းချောင်း၊ ခရမ်း၊ တောကြီး၊ တော်ခရမ်း(အရှေ့၊အနောက်) သုံးခွ စသည့် တိုးမြစ်နဘေးရှိရွာများမှ လေမုန်တိုင်းသင့်သူများသည် အပျက်အစီး အစားအသောက် မည်သည့်အကူအညီအထောက်အပံ့မျှမရသေးကြောင်း ယမန်နေ့ ကသွားရောက် အကူအညီပေးသည့် ပုဂ္ဂလိကစုပေါင်း စေတနာရှင်အဖွဲ့မှ မျက်မြင်တစ်ဦးက ပြော သည်။ (ခေတ်ပြိုင် သတင်း၊ ၂၀၀၈၊ မေ ၁၂)
နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ဧရာဝတီတိုင်း သွားလာခွင့်ကို စစ်အစိုးရက ငြင်းဆန်နေဆဲ ဖြစ်ပြီး၊ မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ်ဒေသများ သို့ ဆက်သွယ်ရန် လွယ်ကူသည့် ပုသိမ်လေ ဆိပ်ကို နိုင်ငံတကာ ကူညီမည့် လေယာဉ်များ ဆင်းခွင့် ပိတ်ထားသည်။ (UNJLC, ၂၀၀၈၊ မေ ၁၂)
၂၀၀၈၊ မေ ၁၃။
နာဂစ်တိုက်ခတ်ပြီး တပတ်ခန့်အကြာ ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိရန်အ တွက် လျှပ်စစ်ရုံးဝန်ထမ်းများကို ကျပ်ငွေ ၅ သိန်းနှင့် အထက်ပေးရကြောင်း ရန်ကုန်မြို့ ခံများက ပြောကြသည်။ သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်ခြေ ၈၀ ရှိသည့် လုံးချင်းအိမ်ရာတစ်ခုကို လျှပ်စစ်ရုံးမှ ၃၂ သိန်းတောင်းသည်။ (မဇ္ဈိမသတင်းဌာန၊ ၂၀၀၈၊ မေ ၁၃)
နာဂစ်မုန်တိုင်းဒဏ်ခံရသော ပြည်သူများအား ကူညီထောက်ပံ့နေသော နိုင်ငံတကာ အကူအညီပေး ရေးအဖွဲ့များသာမက ပြည်တွင်းပုဂ္ဂလိက အလှူရှင် များကို နေပြည်တော်၏ ခွင့်ပြုချက်ရယူပြီးမှ လှူ ဒါန်းရန်နှင့် ထောက်ပံ့ရေးပစ္စည်းများကို ကြံ့ဖွံ့အဖွဲ့များသို့ အပ်နှံရန် အတင်းဖိအားပေးမှုများပြုလုပ် နေသည်။ (ဧရာဝတီသတင်းဌာန၊ ၂၀၀၈၊ မေ ၁၃)
နာဂစ် မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း ဒေးဒရဲမြို့တွင်း၌ ငတ်မှုခေါင်းပါမှုများရှိနေသည် ဟူသော လုံခြုံရေးအကြောင်း ပြချက်ဖြင့် မြို့တွင်းသို့ ၀င်ခွင့်နှင့် မြို့ခံလူများအပြင်ထွက်ခွင့်ကို အာဏာပိုင်က ပိတ်ထားသည်ဟု ဒေးဒရဲမှ ယနေ့ပြန်လာ သူက ဧရာဝတီကို ပြောသည်။ (ဧရာဝတီသတင်းဌာန၊ ၂၀၀၈၊ မေ ၁၃)
ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း လေဘေးဒုက္ခသည်များ ထိရောက်သည့် အကူအညီများ မရရှိသည့်အပြင် ဒုက္ခသည် စခန်းမှ နှင်ထုတ်ခံရမှုများရှိကြောင်း ဒေသခံများက ပြောသည်။(ဧရာဝတီသတင်းဌာန၊ ၂၀၀၈၊ မေ ၁၃)
၂၀၀၈၊ မေ ၁၄။
မြန်မာမုန်တိုင်းဒုက္ခသည်များကို ကူညီလိုသူ အမေရိကန်နိုင်ငံသား၊ ဗြိတိန်နိုင်ငံသား၊ ဂျပန်နိုင်ငံ သား စသည်တို့ကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးရန် သက်ဆိုင်ရာ နိုင်ငံခြား မြန်မာသံရုံးများကို နေ ပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့သည့် သီတင်းပတ်ကစပြီး နှုတ်မိန့်ဖြင့် ညွှန်ကြားထား သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။ (ခေတ်ပြိုင် ၊ ၂၀၀၈ မေ ၁၄)
၂၀၀၈၊ မေ ၁၅။
မြန်မာလေဘေး ဒုက္ခသည်များအတွက် ပေးပို့ထားသည့် နိုင်ငံခြားအကူအညီများဟု ယူဆရသည့် နိုင်ငံခြားထုတ် ဘီစကွတ်မုန့်များ၊ အသားခြောက်၊ ခေါက်ဆွဲခြောက် ထုပ်များနှင့် မိုးကာ၊ တာလပတ် များကို ရန်ကုန်မြို့ရှိ ညောင်ပင်လေးဈေး၊ မင်္ဂလာဈေး၊ ဘိုကလေးဈေး၊ သိမ်ကြီးဈေးနှင့် အခြားဈေး အချို့တွင် ရောင်းချနေသည်ကို မြို့ခံများ က တွေ့မြင်နေရသည်ဟု ဆိုသည်။ (မဇ္ဈိမသတင်းဌာန ၂၀၀၈၊ မေ ၁၅)
၂၀၀၈၊ မေ ၁၈။
နာဂစ်မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေၞဒေသ၏ အခြေအနေများ သည် စိတ်ပဵက်ဖွယ်ရာ ဆိုးရွားလွန်းလ္ဘှပီး၊ မုန်တိုင်း္ဘပီး၍ ရက်သတ္တနှစ်ပတ် ကြာသွား္ဘပီဖြစ်သော် လည်း မည်သည့် အကူအညီမှမရပဲ နေထိုင်နေကြရသည်ဟု အဆိုဒေသများမှ ပြန်ရောက်လာသည့် မဵက်မြင် သက်သေများက ပြောသည်။(RFA ၂၀၀၈၊ မေ ၁၈)
၂၀၀၈၊ မေ ၁၉။
မုန်တိုင်းတိုက်၍ ၂ ပတ်ကျော်ကြာခဲ့သော်လည်း အစားအစာနှင့် အာဟာရပြတ်နေသည့် ဒုက္ခသည် ၇၀ ရာခိုင် နူန်းကျော်သည် ကုလသမဂ္ဂက ပေးပိုႛ ကူညီသည့် အကူအညီများကို ယခုထိ လက်ခံရရှိ ခြင်း မရှိသေးဘူးဟု ကယ်ဆယ်ရေး လုပ်သားများက ပြောသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအ စဉ် (WFP) မှ ပြောခွင့်ရသူ Mr Marcus Prior က မုန်တိုင်းဒုက္ခသည် ၇ သိန်းခွဲသည် စားနပ်ရိက္ခာ ကို အပူတပြင်း လိုအပ်နေက္ဘြပီး၊ လူ ၂ သိန်းခွဲခန့် သာ ၂ ပတ်စာ စားနပ်ရိက္ခာ ခွဲတမ်းကို ရထားကြ သည်ဟု ပြောသည်။ (RFA ၂၀၀၈၊ မေ ၁၉)
၂၀၀၈၊ မေ ၂၀။
မုန်တိုင်းဖျက်ဆီးမှု သတင်းများကိုမဖေါ်ပြဘဲ အာဏာပိုင်များဆောင်ရွက်နေသည့် ရန်ကုန်နှင့်မြစ်ဝ ကျွန်းပေါ်ရှိ ပြန်လည်တည် ဆောက်ရေးလုပ်ငန်း များကိုသာ ဖေါ်ပြရန် စာပေစိစစ်ရေးဌာနက အပတ် စဉ်ထုတ် ဂျာနယ်များကို ညွန်ကြားထားသည်။ (မိဇ္ဈိမ၊ ၂၀၀၈ မေ ၂၀)
ရန်ကုန်တိုင်းအတွင်း ဆိုင်ကလုန်းဒဏ်ကြောင့် အိမ်အမိုးပျက်စီးသွားသူများအနေနှင့် သွပ်၊ သံ စ သည်တို့ကို အစိုးရသတ်မှတ်ဈေးနှင့် ၀ယ်ယူခွင့်ရရှိ ရေးအတွက် သက်ဆိုင်ရာ ရယက များထံသို့ တ ရားမ၀င် ငွေကြေးများ ပေးဆောင်နေရကြောင်း သိရသည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၂၀)
ပခုက္ကူတွင် မုန်တိုင်းဒုက္ခသည်များအတွက် အလှူခံရာတွင် ကျန်သိန်းးပေါင်းများစွာ ရရှိခဲ့ပြီး၊ မြို့ နယ် အာဏာပိုင်များက ပြည်ခိုင်ဖြိုး (ကြံ့ ဖွံ့ ) အသင်းကတဆင့် လှူရမည်ဟု အတင်းအကျပ်တောင်းဆို ခြင်းကြောင့် ပေးလိုက်ကြရသည်။ (ဒီဗီဘီ ၂၀၀၈၊ မေ ၂၀)
၂၀၀၈၊ မေ ၂၁။
ရဲနှင့် လေဘေး ဒုက္ခသည်များအကြား အချင်းများမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။ တောင်ဒဂုံမြို့ နယ် အမှတ် ၇၂ ရပ်ကွက်တွင် ပုဂ္ဂလိက အလှူရှင် များမှ လာရောက် လှူဒါန်းထားသော ပစ္စည်းများ ကို ရပ်ကွက် အာဏာပိုင်များက ထိန်းချုပ်မှု လုပ်သည်ဆိုကာ ဒုက္ခသည်များက တောင်းဆိုရာမှ နှစ် ဖက် တင်းမာလာပြီး လုံထိန်းရဲများ ရောက်ရှိလာခဲ့သည်။(မိဇ္ဈိမ၊၂၀၀၈ မေ ၂၁)
၁၉၉ဝ ခုနှစ်က မြစ်ဝကျွန်းပေါ်တွင် ကရင်အမျိုးသားများနှင့် ဖြစ်ပွားခဲ့သောစစ်ပွဲကြောင့် အစိုးရက အညိုးအတေးထားကာ လေဘေးကယ်ဆယ်ရေး လုပ်ရာတွင် ခွဲခြားလုပ်ကိုင် နေသည်ဟု မြန်မာနိုင် ငံတွင်း အခြေစိုက် တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) - EYNG (M) က ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (မိဇ္ဈိမ၊ ၂၀၀၈ မေ ၂၁)
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၂) ပတ်ကျော်ကြာသည့်တိုင် မုန်တိုင်းကြောင့် သေဆုံးခဲ့သူများ၏ အ လောင်းများကို သက်ဆိုင်ရာမှ မြှုပ်နှံသင်္ဂြိုဟ်ခြင်း မလုပ်သည့်အပြင် ရှင်းလင်းနေသူများ ကိုလည်း အာဏာပိုင်များက ဟန့်တားနှောင့်ယှက်နေသည်။ (ခေတ်ပြိုင် အင်တာနက်၊ ၂၀၀၈၊ မေ ၂၁)
ရန်ကုန်မြို့ မြို့နယ်အချို့တွင် လေဘေးဒုက္ခသည်များအား ကြိုတင်ထောက်ခံ ဆန္ဒမဲပေးခိုင်းကာ ဆန်၊ ဆီနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ပေးဝေနေကြောင်း သိရသည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ မေ ၂၁)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ များ မြန်မာနိုင်ငံသို့  မရာက်ခင် မုန်တိုင်းဘေးဒုက္ခ စခန်းများရှိ ဒုက္ခသည်များကို အာဏာပိုင်များက အဓမ္မနှင်ထုတ်နေပြီး အတု အယောင်များနှင့် အစားထိုးရန် ပြင်နေသည်။ (ဒီဗီဘီ၊ ၂၀၀၈၊ မေ ၂၁)
နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် လပွတ္တာမြို့နယ်အတွင်းရှိ ရွာတရွာသို့ သွားရောက်ခဲ့ သော သည်ဗွိုက်စ်ဝိကလီးဂျာနယ်၊ 24/7 သတင်း ဂျာနယ်၊ ဆဲဗင်းဒေးနယူးစ် ဂျာနယ် နှင့် ရန်ကုန် မီ ဒီယာဂရု(ပ်) တို့မှ သတင်းထောက် ၈ ဦး ကို သက်ဆိုင်ရာ အာဏာပိုင်များက ၁၉ ရက်နေ့ညက ခေါ် ယူထိန်းသိမ်း ထားခဲ့သည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၂၁)
၂၀၀၈၊ မေ ၂၂။
ပုဂ္ဂလိက အလှူရှင်များ၏ အကူအညီပစ္စည်းများ ရယူနိုင်ရန် ကားလမ်းနံဘေးတွင် စောင့်ဆိုင်း နေ ထိုင်သည့် လေဘေးဒုက္ခသည်များကို အာဏာပိုင် များက ဖယ်ရှားရှင်း လင်းနေပြီး အချို့ကို နမူနာပြ ဖမ်းဆီးအရေးယူနေကြောင်း ကော့မှူး၊ ကွမ်းခြံ ကုန်းမြို့ နယ်ဘက်မှ ပြန်လာသူများက ပြော သည်။(ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၂)
နာဂစ်လေဘေးဒုက္ခသည်များကို အာဏာပိုင်များက မအူပင်မြို့သို့ ခေါ်ယူကာ ကျောက်ထု ခိုင်းနေ သည်။လေဘေးဒုက္ခသည်များအား ကျောက်ထုခိုင်း ခြင်းမှာ မအူပင်မြို့နယ်တွင် လေယာဉ်များ အ တက်အဆင်းပြုလုပ်ရန် ကွင်းတည်ဆောက်နေခြင်းကြောင့်ဖြစ်ကြောင်း ပြည်တွင်းမှခိုင်မာသည့်သတင်း ရပ်ကွက်မှ သိရသည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၂)
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ဒုက္ခသည်များအတွက် ပစ္စည်းများအား ပေးဝေခြင်း မပြု ဘဲ ကိုယ်ကျိုးအတွက်သုံးစွဲသည့် အာဏာပိုင် များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရပ်ကွက် လူထုက ရာအိမ်မှူးအိမ်အား ဖြိုဖျက်ခဲ့သည်။ (ရိုးမ ၃၊ ၂၀၀၈ မေ ၂၂)
၂၀၀၈၊ မေ ၂၄။
နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ လေဘေး ဒုက္ခသည်များသည် နေထိုင်စားသောက်မှု ဆိုင်ရာ အကူအညီများ လုံလောက်စွာမရရှိ သေးကြောင်း ဒုက္ခသည်များက ပြောသည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၂၄)
၂၀၀၈၊ မေ ၂၅။
မြန်မာပြည်က လေဘေးဒုက္ခသည်များအား ကယ်ဆယ်ထောက်ပံ့မည့် နိုင်ငံခြားက အလုပ်သမား များသည် စစ်အစိုးရ၏ ကတိအတိုင်း မြန်မာနိုင်ငံ ထဲသို့  ၀င်ခွင့်ရရန် စောင့်ဆိုင်းနေကြသည်။ (VOA ၂၀၀၈၊ မေ ၂၅)
၂၀၀၈၊ မေ ၂၆။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ဘိုကလေးနှင့် ဖျာပုံမြို့နယ်တို့မှ ဒုက္ခ သည်များကို နအဖစစ်အစိုးရက မအူပင်လေဘေး ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေးခဲ့ပြီး နောက် ယခုလ (၂၄-၂၅) ရက်တို့တွင် အဆိုပါဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့နေသည်။ (ခေတ်ပြိုင် ၂၀၀၈၊ မေ ၂၆)
ဧရာဝတီတိုင်းအတွင်း လေဘေး ဒုက္ခသည်များကို ကူညီပြီး ပြန်လာသည့် အလှူရှင်များ၏ ကားစီး ရေ ၇ဝ ကျော်ကို ယမန်နေ့က ရန်ကုန်သို့ ပြန်အဝင် တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။ ရန် ကုန်သို့ ပြန်ဝင်လာသည့် ကားများကို ရဲမှူးကြီး လူလူဝင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လှိုင် သာယာမြို့ ပန်းလှိုင် တံတားအနီးတွင် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ တညလုံး ဖမ်းဆီးနေခဲ့ခြင်း ဖြစ်သည်။ (မဇ္ဈိမသတင်းဌာန၊ ၂၀၀၈၊ မေ ၂၆)
၂၀၀၈၊ မေ ၂၇။
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများ လေဘေးသင့်ဒေသများသို့ သွားလာမည် ဆိုပါက ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သို့ အကြောင်းကြားကာ ခရီးသွားလာခွင့် တင်ပြ၍ ခွင့် ပြုချက်ရယူရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးကိုယ်စား အငြိမ်း စား ဒုတိယဗိုလ်မှူးကြီး ရန်နိုင်က ထုတ်ပြန်ကြေညာထားသည်။ (ဧရာဝတီ၊ ၂၀၀၈ မေ ၂၇)
၂၀၀၈၊ မေ ၂၈။
နအဖ ဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အမျိုးသား သဘာဝ ကာကွယ်ရေး ဗဟိုကော်မတီ အမည်သုံးကာ ဒေးဒရဲမြို့နယ် အတွင်းရှိ မြို့နယ် မယကရုံးများသည် လေဘေး အလှူရှင်များထံမှ အ လှူငွေနှင့် ပစ္စည်းများ၏ ၂၅ ရာခိုင်နှုန်းကို အချိုးကျ တောင်းယူနေသည်။ (မဇ္ဈိမ၊ ၂၀၀၈ မေ ၂၈)
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသော လေဘေးဒုက္ခသည်များကို အာဏာပိုင်များက ၎င်းတို့ခိုလှုံရာ ဒုက္ခသည်စခန်းများမှ ပြန်လည်နှင်လွှတ်နေရာမြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက္ကံမြို့သစ်အတွင်း ရွက်ဖျင်တဲများဖြင့် စုစည်းနေထိုင်ကြသည့် လူဦးရေ ၃၀၀၀ ကျော် ရှိသော ဒုက္ခသည်စခန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၁၆ ရပ်ကွက် မ၀တ လမ်းဆုံ နတ်စင်လမ်းမှတ်တိုင် အနီးရှိ ရွက်ဖျင်တဲများဖြင့် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း၊ ဒလမြို့နယ်အမှတ် ၂ အခြေခံ ပညာ အထက်တန်း ကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများကို မေလ ၂၃ ရက် နေ့က ပိတ်ပင်လိုက်သည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၂၈)
၂၀၀၈၊ မေ ၂၉။
စစ်အစိုးရအာဏာပိုင်များက ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများအားလုံးကို ပိတ်ပစ်လိုက်ပြီး နိုင်ငံခြား ကယ်ဆယ်ရေး အဖွဲ့များကို သွားရောက်ခွင့်မပြုသည့်အတွက် ဒုက္ခသည် ပြည်သူများ အခက်အခဲ ကြုံနေရသည်။ (Yoma 3၊ ၂၀၀၈ မေ ၂၉)
မန္တလေးမြို့ရှိ လူရွှင်တော်များ ဖြစ်ကြသည့် ဦးပါပါလေး၊ ဦးလူဇော်၊ ဦးလူမော်တို့ အပါအ၀င် ဦးဒီပါ၊ ဦးချစ်စရာတို့ ၏ မုန်တိုင်းရန်ပုံငွေ ဖျော်ဖြေပွဲကို ယနေ့ပြုလုပ်ရန်စီစဉ်ထားရာ သဘင်အစည်းအရုံး က အကြောင်းပြချက်မပေးဘဲ ဇွန်လ ၄ ရက်နေ့သို့ ပြောင်းရွှေ့ခိုင်းလိုက်သည်။ (ဧရာဝတီ၊ ၂၀၀၈၊ မေ ၂၉)
မြန်မာသံ႟ုံးများမှတဆင့် နိုင်ငံခြားသား ကယ်ဆယ်ရေးဝန်ထမ်းများကို ဗီဇာထုတ်ပေးနေသော် လည်း ပြည်တွင်းတွင် အဆိုပါဝန်ထမ်းများသည် ဆိုင်ကလုံးမုန်တိုင်း အပြင်းအထန်ခံရသည့် ဧရာဝ တီ မြစ်ဝကျွန်းပေၞဒေသသို့  အရောက်သွားရရေးအတွက် အာဏာပိုင်များ၏ ကန်ႛသတ်မှုများ ရှိနေ သေးကြောင်း ကုလသမဂ္ဂအရာရှိတဦးက အဂၤၝေနႛက ပြောသည်။ (RFA ၂၀၀၈၊ မေ ၂၉)