Wednesday 08th of September 2010


news menu leftnews menu right
Home Content Layouts
နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင်း လူ (၁) သန်းခွဲကျော် ဒုက္ခရောက်နေ PDF Print E-mail
Written by Administrator   
Wednesday, 14 May 2008 00:00

၁၄၊ ၀၅၊ ၂၀၀၈။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင်း လူ (၁) သန်းခွဲကျော် ဒုက္ခရောက်နေကြောင်း ကုလ သမဂ္ဂ လူမှုရေးရာညှိနှိုင်းရေးအဖွဲ့ (UNOCHA) ၏ မေလ (၁၂) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။ အစီရင်ခံစာပါ အချက်များနှင့် ကယ်ဆယ်ရေးလုပ်ငန်း အခြေ အနေများကို ခေတ်ပြိုင်မှ စုစည်းဖော်ပြပါသည်။


ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေများ (မေလ ၁၂ ရက်ထိ) မုန်တိုင်းဒဏ်ခံရသည့် မြို့နယ်များ (Source: UNOCHA)

ရန်ကုန်တိုင်း မြို့နယ် (၄၀) နှင့် ဧရာဝတီတိုင်း (၇) မြို့နယ်တို့ကို ယခုထိ မုန်တိုင်းဒဏ်သင့် နယ်မြေများအဖြစ် စစ်အစိုးရကိုယ်တိုင် သတ်မှတ်ထားဆဲ ဖြစ်သည်။ အထူးသဖြင့် လပွတ္တာ၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်း ဒေသတို့သည် နာဂစ်မုန်တိုင်းအပြင် မုန်တိုင်းကြောင့်ဖြစ်သည့် ပင်လယ်လှိုင်းများ ရိုက်ခတ်မှုဒဏ် အများဆုံးခံရသည့် မြို့နယ်များဖြစ်သည်။


မုန်တိုင်းသင့် ဒုက္ခသည်အခြေအနေ (Source: UNOCHA)

မုန်တိုင်းကျပြီး (၃) ရက်အတွင်း စစ်အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းများအရ (၈) မြို့နယ်တွင် လူ (၉၈၀,၀၀၀) ဒုက္ခရောက်သည်ဆိုသည့်အချက်ကို အခြေခံတွက်လျှင် အနည်းဆုံး လူ (၁) သန်းခွဲ ဒုက္ခရောက်နေသည်ဟု UNOCHA အစီရင်ခံစာတွင် ဖော်ပြသည်။


ဧရာဝတီတိုင်း ဆက်သွယ်ရေးအခြေအနေ (Source: UNJLC)

နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ဧရာဝတီတိုင်း သွားလာခွင့်ကို စစ်အစိုးရက ငြင်းဆန်နေဆဲ ဖြစ်ပြီး မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်သွယ်ရန် လွယ်ကူသည့် ပုသိမ်လေ ဆိပ်ကို နိုင်ငံတကာ ကူညီမည့် လေယာဉ်များ ဆင်းခွင့် ပိတ်ထားသည်။


လေကြောင်းအကူအညီအခြေအနေ (Source: UNJLC)

မေလ (၁၁) ရက်ထိ မြန်မာနိုင်ငံသို့ လေကြောင်းမှ ကယ်ဆယ်ရေးအကူအညီပေးသည့် အကြိမ် (၃၇) ကြိမ်ရှိပြီး ဘင်္ဂလားဒေ့ရှ် (၂ ကြိမ်)၊ လာအို (၄ ကြိမ်)၊ တရုတ် (၃ ကြိမ်)၊ ထိုင်း (၇ ကြိမ်)၊ အိန္ဒိယ (၂ ကြိမ်)၊ စင်ကာပူ (၁ ကြိမ်)၊ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (၆ ကြိမ်)၊ အီတလီ နိုင်ငံခြားရေးဝန်ကြီးဌာန (၁ ကြိမ်) နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာန (၁၁ ကြိမ်) တို့ဖြစ်သည်။


လေယာဉ်ဆင်းသက်ခွင့်အခြေအနေ (Source: UNJLC)


အကူအညီပေးလိုသည့် နိုင်ငံတကာလေယာဉ်များ ရန်ကုန်လေဆိပ်မလာမီ မြန်မာစစ်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးထံ လေယာဉ်ဆင်းသက်ခွင့် လျှောက်လွှာ ဦးစွာတင်ရသည်။
လေယာဉ် ရန်ကုန်ရောက်ပြန်တော့လည်း ကယ်ဆယ်ရေးပစ္စည်း တင်ဆောင်လာသည့် လေယာဉ်ရောက်ရှိကြောင်း၊ မည်သည့်လေယာဉ် အမျိုးအစားဖြစ် ကြောင်း၊ အသေးစိတ် ကယ်ဆယ်ရေး ပစ္စည်းစာရင်း စသည်တို့ကို မြန်မာစစ်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးထံ ထပ်မံတင်ပြရပြန်သည်။ ။

(ခေတ်ပြိုင်သတင်း)
-
more news >>

 

Last Updated on Saturday, 15 May 2010 12:46