Wednesday 08th of September 2010


news menu leftnews menu right
Home Extensions
ရန်ကုန်နှင့် မုန်တိုင်းအထူး PDF Print E-mail
Written by Administrator   
Tuesday, 13 May 2008 00:00

ရန်ကုန်နှင့် မုန်တိုင်းအထူး
(မဇ္ဈိမသတင်းဌာန)

နာဂစ်တိုက်ခတ်ပြီးတပတ်ခန့်အကြာ ရန်ကုန်မြို့ရှိရပ်ကွက်အချို့တွင် လျှပ်စစ်မီးပြန်လည်ရရှိရန်အတွက် လျှပ်စစ်ရုံးဝန်ထမ်းများကို ကျပ်ငွေ၅သိန်းနှင့် အထက်ပေးရကြောင်း ရန်ကုန်မြို့ခံများ ကပြောကြသည်။ သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်ခြေ ၈၀ ရှိသည့် လုံးချင်းအိမ်ရာတစ်ခုကို လျှပ်စစ်ရုံးမှ ၃၂ သိန်းတောင်းသည်။

မေလ ၁၃၊ ၂၀၀၈
သွပ်ပြားဈေး

သက်ဆိုင်ရာရပ်ကွက်ရုံးများတွင် ရောင်းချနေသည့်ဈေးနှုန်းမှာ ပုသိမ်ညွန့်တွင် သွပ်တစ်ချပ် (၄၀၀၀)ကျပ်၊ ကျောက်မြောင်းတွင် (၅၅၀၀)ကျပ်၊ ပုဇွန်တောင်တွင် (၄၈၀၀)ကျပ်ဖြစ်နေသည်။ မုန်တိုင်းပြီးကာစရက်များတွင် သွပ်တစ်ချပ် (၂၀၀၀၀)ကျပ်၊ သွပ်သံတစ်ပိဿာ (၃၀၀၀၀)ခန့် တက်သွားကြောင်းသိရသည်။

ကြက်ဥတစ်လုံး (၁၂၀) ဆန်တစ်ပြည် (၇၀၀) ဆီတစ်ဆယ်သား (၂၅၀)ဖြင့်ရောင်းချနေသည်ဟုကြားရသော်လည်း သတင်းတွက် ဓါတ်ပုံရိုက်ပြီးလျှင် ဆက်လက်မရောင်းချတော့ကြောင်းနှင့် ၄င်းရပ်ကွက်ရုံးအနီးမှ အိမ်အချို့ကိုသာရောင်းချကြောင်းသိရသည်။


-

13/05 2008 (အောင်စေရာ Free Burma)

ပြည်ပရောက်မျိုးချစ်လူငယ်များနှင့် ကိုယ်တိုင်ကိုယ်ကျဖြန့်ဖြူးလှူဒါန်းနေသည့် ရုပ်ရှင်မင်းသား ကိုကျော်သူတို့ လေဘေးဒုက္ခသည်များကို စင်ကာပူငွေသား တစ်သောင်းခန့်ရှိ ဆန်အိတ်(၅၀၀)ကိုလှူဒါန်းပြီးဖြစ်ကြောင်းသိရှိရသည်။


၁၃၊၅၊၂၀၀၈ (RFA မြန်မာဌာန)
(၁၂၊၅၊၂၀၀၈) နေ့တွင် အမေရိကန်လေယာဉ်တစ်စီး၊ (၁၃၊၅၊၂၀၀၈)နေ့တွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့(IFRC)မှ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်(၁၀)စီးအပါအ၀င် နောက်ထပ်အကူအညီများ မြန်မာနိုင်ငံသို့ ပေးပို့နိုင်သော်လည်း အသက်မသေဘဲကျန်ရစ်သူများထံ အချိန်မီရောက်ပါ့မလားဟု ကုလအေဂျင်စီများနှင့် အန်ဂျီအိုများသံသယများဖြစ်နေကြသည်။

ဒီတပ်တ်သောကြာနေ့မှာ အနည်းဆုံးလေယာဉ်(၉)စီးစာ ကယ်ဆယ်ရေးပစ္စည်းများ ရန်ကုန်ပို့မည်ဟု (IRRC)မီဒီယာပြောရေးဆိုခွင့်ရှိသူ Matt Cochrane ကပြောသည်။ ၄င်းကပင်လေယာဉ်ဖြင့်ပို့သော ကယ်ဆယ်ရေးပစ္စည်းများမှာ ရေသယ်ရန်သံပုံးများ၊ ခြင်ထောင်များ၊အရေးပေါ်တဲများနှင့် သန့်ရှင်းရေး သေတ္တာများအပါအ၀င် ကယ်ဆယ်ရေးလုပ်ငန်းကျွမ်းကျင်သူ(၉)ဦးကို မြန်မာနိုင်ငံသို့ စေလွှတ်ပြီးဖြစ်ကြောင်းကိုပါပြောဆိုသွားခဲ့သည်။


ဧရာဝတီသတင်းဌာန
၁၃၊မေ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ခံရသော ပြည်သူများအား ကူညီထောက်ပံ့နေသော နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များသာမက ပြည်တွင်းပုဂ္ဂလိက အလှူရှင်များကို နေပြည်တော်၏ခွင့်ပြုချက်ရယူပြီးမှ လှူဒါန်းရန်နှင့် ထောက်ပံ့ရေးပစ္စည်းများကို ကြံ့ဖွံ့အဖွဲ့များသို့အပ်နှံရန်အတင်းဖိအားပေးမှုများ ပြုလုပ်နေသည်ဟုသိရသည်။
-
more news >>>

Last Updated on Saturday, 15 May 2010 12:43