Wednesday 08th of September 2010


news menu leftnews menu right
Home News Burmese Version မြန်မာနိုင်ငံ လေဘေး ဒုက္ခသည်များအတွက် ဒလိုင်းလားမား ငွေလှူဒါန်း
မြန်မာနိုင်ငံ လေဘေး ဒုက္ခသည်များအတွက် ဒလိုင်းလားမား ငွေလှူဒါန်း PDF Print E-mail
Written by Administrator   
Wednesday, 11 June 2008 00:00

၂၀၀၈၊ ဇွန် ၁၁။
မြန်မာနိုင်ငံ ဆိုင်ကလုံး လေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေးအတွက် ရူပီး ၅ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၁၂၅ဝဝ) ကို ပြည်ပရောက် တိဗက် ဘာသာရေး ခေါင်းဆောင်ကြီး ဘုန်းတော်ကြီး ဒလိုင်းလားမားက တနင်္လာနေ့က လှူဒါန်းလိုက်သည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၀)



ရန်ကုန်ရှိ အန်ဂျီအိုများထံ အထောက်အပံ့ရရန် ကြိုးစားသူများ ဖမ်းဆီးခံရ

တောင်ဒဂုံမြို့နယ်မှ နာဂစ်မုန်တိုင်းဒဏ် ခံရသူ အနည်းဆုံး လူ ၃ဝ ကျော် ပါဝင်သော လူတစုက ဒိုင်နာကားတစီးဖြင့် အင်္ဂါနေ့နံနက် ၁ဝးဝဝ နာရီ အချိန်မှ စ၍ ကုလသမဂ္ဂ ရုံးများသို့ သွားရောက် အကူအညီ တောင်းရန် ကြိုးစားစဉ် ရဲက ထိန်းသိမ်းလိုက်သည်။(မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၀)


ဧရာဝတီတိုင်းမှာ မိုးစပါးမစိုက်နိုင်တော့နောက်တနှစ်ထိ ရိက္ခာထောက်ပံ့ရန်လို

ဧရာဝတီတိုင်းတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်ကုန်သည့် လယ်များ၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရန် မဖြစ်နိုင်တော့ သည့်အတွက် နောက်တနှစ်ထိ စားနပ်ရိက္ခာ
အကူအညီ လိုမည်ဟု ကုလသမဂ္ဂအဖွဲ့က သတိပေးလိုက်သည်။ ဧရာဝတီတိုင်း စပါးစိုက်ဧက (၃) သန်းကျော်အနက် မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသည့် စပါးစိုက်ဧက (၅) သိန်းကျော်ရှိပြီး ယခုနှစ် မိုးစပါးအမီ စပါးစိုက်ရန် မဖြစ်နိုင်တော့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ပြောသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၂၀)


မုန်တိုင်းဒုက္ခသည်တွေအတွက် အထောက်အကူပစ္စည်းတွေ ပြတ်လပ်နိုင်ဖွယ်ရှိ

မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဒဏ်သင့်ခံရသူတွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေပေးပို့ဖို့ ယာဉ်တွေရပြီး ပစ္စည်း တွေပေးပို့နိုင်တော့မှာ ဖြစ်ပေမယ့်လည်း လာမယ့်သီတင်းပတ်တွေအတွင်းမှာပဲ ပေးပို့စရာပစ္စည်းတွေ ထပ်ပြီးလိုလာတော့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။ (VOA ၂၀၀၈၊ ဇွန် ၁၁)


 

Last Updated on Saturday, 15 May 2010 13:18