၂၀၀၈၊ ဇွန် ၁၈။ဘုန်းကြီးကျောင်းများ၊ ဒုက္ခသည်စခန်းများနှင့် နေရပ်ရင်းတွင်ရှိနေကြသည့် မုန်တိုင်းဒဏ်သင့် မိဘမဲ့က လေးငယ်များအား မည်သူ့ကိုမှ မွေးစားခွင့် ပေးမည်မဟုတ်ဘဲ အာဏာပိုင်များက စောင့်ရှောက်သွားမည်ဟု လူမှုဝန်ထမ်းဌာနမှ အရာရှိကြီးတဦးကို ကိုးကားပြီး ယခုအပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြ ထားသည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၁၇)
၂၀၀၈၊ ဇွန် ၁၇။လေဘေးဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ၈၈ မျိုးဆက် ကျောင်းသား ၃ ဦးကို ယခုလ ၁၂ ရက် နေ့တွင် အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်။
၂၀၀၈၊ ဇွန် ၁၃။ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များထဲတွင် ကိုယ်ဝန်ဆောင် (၃၅,၀၀၀) ဦးကို သင့်တင့်လျောက်ပတ်သည့် စောင့်ရှောက်မှုမျိုး ပြုလုပ်ရန် အရေးတကြီး လိုအပ်သည်ဟု ကုလသမဂ္ဂမှ ကျွမ်းကျင်သူတဦးက ပြောကြား သည်။(ခေတ်ပြိုင်၊၂၀၀၈၊ ဇွန် ၁၂)
၂၀၀၈၊ ဇွန် ၁၂။မိဘဆွေမျိုးများ သေဆုံး ကုန်ကြသည်ကို တွေ့ပြီးနောက် နာဂစ် ဆိုင်ကလုံး မုန်တိုင်း ဘေးမှ အသက်မသေ လွတ်မြောက်လာခဲ့သူ ကလေးသူငယ် အများအပြားသည် စိတ်ဒဏ်ရာ ရနေကြသည်ဟု ကလေးများအ တွက် လုပ်ဆောင်ပေးနေသော နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုက ပြောကြားလိုက်သည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၂)
၂၀၀၈၊ ဇွန် ၁၁။မြန်မာနိုင်ငံ ဆိုင်ကလုံး လေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေးအတွက် ရူပီး ၅ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၁၂၅ဝဝ) ကို ပြည်ပရောက် တိဗက် ဘာသာရေး ခေါင်းဆောင်ကြီး ဘုန်းတော်ကြီး ဒလိုင်းလားမားက တနင်္လာနေ့က လှူဒါန်းလိုက်သည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၁၀)